
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် ဆုဖလားအစီအစဉ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဆီမြွန်နီ
အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီက ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် သူ့အသင်းနဲ့ပတ်သက်တဲ့ သတင်းစကားအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က အခုနှစ်လာလီဂါဘောလုံးရာသီကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့နောက်၊ မကြာခဏရရှိနေကျ တတိယနေရာနဲ့ နိဂုံးချုပ်ပိတ်သိမ်းခဲ့ပြီး လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါကြောင့် ဆီမြွန်နီက လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အပြောင်းအလဲအတွက် အခွင့်အလမ်းတစ်ရပ်ရှိနေတယ်လို့ သူ့ရဲ့ကစားသမားတွေဆီ ပြောကြားလိုက်ပြီး ဒီအခွင့်အလမ်းကို လက်မလွှတ်မိစေဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဆီမြွန်နီက “ အမှတ်ပေးချန်ပီယံဖြစ်လာတယ်လို့ မယူဆစေဘဲ ဒီကလပ်အသင်းမှာ အမွေအနှစ်တစ်ခု ချန်ထားနေတာပါလို့ ကစားသမားတွေဆီ ကျွန်တော် အမြဲတမ်းပြောပြဖြစ်ပါတယ်။ အခုက တတိယနေရာနဲ့ မလုံလောက်တော့ဘဲ ကျွန်တော်တို့တွေ ဒီထက်ပိုပြီး လိုချင်မိပါတယ်။ ကျွန်တော့်အတွက် ပျောက်ဆုံးနေတဲ့အရာတစ်ခုက အက်သလက်တီကိုမက်ဒရစ် ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နေပုံပဲ ဖြစ်ပါတယ်။ ဒါကို သံသယမရှိလိုက်ပါနဲ့၊ ဖုံးကွယ်ထားစရာအကြောင်းလည်း မရှိပါဘူး”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဆီမြွန်နီက ဇွန် ၁၅ ရက်၊ အသစ်စက်စက်ချန်ပီယံလိဂ်ဆုဖလားရှင်ပီအက်စ်ဂျီနဲ့မရင်ဆိုင်ခင် ကလပ်ကမ္ဘာ့ဖလားအောင်ပွဲကို ဆွတ်ခူးရရှိချင်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။