The network connection is lost.

Banner Image

ပြိုင်ဘက် ရီးရဲလ်အသင်းအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘာစီလိုနာစတား ဂါဗီ

ဘာစီလိုနာစတား ဂါဗီက ပြီးခဲ့တဲ့ရာသီတုန်းက အယ်လ်ကလက်ဆီကို ၄ ပွဲစလုံးအရေးနိမ့်ပြီးနောက်  ရီးရဲလ်က စိုးရိမ်တယ်ဆိုတာကို နားလည်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တာာဖြစ်ပြီး ပြိုင်ဘက် ရီးရဲလ်အသင်းကို ထိပ်တိုက်ရင်ဆိုင်ရာမှာလည်း အားသာခဲ့တာဖြစ်ပါတယ်။ လာလီဂါမြေမှာ ၂ ကျော့စလုံးအနိုင်ရခဲ့သလို စပိန်စူပါဖလားဖိုင်နယ်မှာလည်း ၅-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့နောက် ၄ ကြိမ်မြောက်တွေ့ဆုံမှုမှာလည်း ဘာစီလိုနာကပဲ ထပ်မံအနိုင်ယူနိုင်ခဲ့ပါတယ်။
မက်ဒရစ်ဟာ အခုနွေရာသီမှာ ဟာဂျယ်ဆန် ၊ မက်စတန်တူအိုနို ၊ ကာရီးရက်စ် ၊ အာနိုးလ်တို့ကိုခေါ်ယူထားခဲ့ပါတယ်။

ဂါဗီက ရီးရဲလ်အနေနဲ့ လာမယ့်ရာသီသစ်မှာ ပြီးခဲ့တဲ့နှစ်ကလိုမဖြစ်ဖို့ ရှောင်ရှားချင်စိတ်ဖြစ်နေမယ်လို့ ပြောကြားလိုက်ပါတယ်။

မက်ဒရစ်ရဲ့လူအင်အားဖြည့်တင်းမှုနဲ့ပတ်သက်ပြီး ဂါဗီက “မှန်ပါတယ်။ သူတို့စိုးရိမ်နေကြပါတယ်။ ၄ ပွဲကန်ရာမှာ ၄ ပွဲစလုံးအရေးနိမ့်ခဲ့တာပါ။ အဲ့တာမျိုး ဘယ်တုန်းကမှမဖြစ်ဖူးပါဘူး။
သူတို့စိုးရိမ်နေတယ်ဆိုတာ နားလည်နိုင်ပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ သူတို့ ဘာမှမအောင်မြင်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ သူတို့ကစားသမားကောင်းတွေခေါ်ယူထားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ သူတို့ဒီရာသီဘာလုပ်မလဲဆိုတာ စောင့်ကြည့်ပါမယ်။ သူတို့က အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့လည်း ကျွန်တော်ဘာသာ သေချာလေးပြင်ဆင်နေပါတယ်။

ကမ္ဘာပေါ်မှာ ကွင်းလယ်ကစားသမားကောင်းတွေရှိပါတယ်။ ကျွန်တော် နေရာစုံမှာကစားနိုင်ပါတယ်။ အဲ့တာကြောင့် ကျွန်တော့်အကြောင်းအများကြီးပြောတယ်လို့ ထင်ပါတယ်။ကျွန်တော်က အရမ်းပြီးပြည့်စုံတဲ့ကစားသမားပါ။

ပြိုင်ပွဲက အရမ်းခက်ခဲပါတယ်။ အသင်းမှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိနေပါတယ်။ နည်းပြက ဆုံးဖြတ်ချက်ချရမှာပါ။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဆင့်အတန်းက မြင့်လာတာကြောင့်ပါ။

ကျွန်တော် ခံစားချက်ကောင်းလာနေပါပြီ။ ပြီးခဲ့တဲ့ရာသီကုန်ခါနီးတုန်းက ကျွန်တော် ပုံစံကောင်းပြနိုင်ခဲ့ပြီးသားပါ ဒီရာသီမှာလည်း အသင်းအတွက် ကျွန်တော်အကောင်းဆုံးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲ့တာက ကျွန်တော်လိုချင်တာပါ”လို့ ဂါဗီက ပြောကြားခဲ့ပါတယ်။