The network connection is lost.

Banner Image

ပြီးခဲ့တဲ့ရာသီကလိုအပ်ချက်တွေကို ဒီရာသီမှာ ပြန်လည်ဖြည့်ဆည်းထားနိုင်ကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့လိုအပ်ချက်တွေကို ဒီရာသီမှာ အကောင်းဆုံးပြန်လည်ဖြည့်ဆည့်ထားပြီး ပိုကောင်းတဲ့အသင်းကို တည်ဆောက်ထားနိုင်‌ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

မန်စီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ နွေရာသီအပြောင်းအရွှေ့ကာလတွေမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားခဲ့ပြီး အသင်းကိုပြန်လည်တည်ဆောက်ထားသလို၊ အသင်းမှ ကယ်ဗင်ဒီဘရိုင်း၊ အီကေးဂန်ဒိုဂန်နဲ့ ဂိုးသမား အီဒါဆန်တို့ကိုလည်း ပြန်လည်လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးဟာ နောက်တန်းပိုင်း စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် အာဆင်နယ်ရဲ့တိုက်စစ်ကို မိနစ် ၉၀ အထိတောင့်ခံနိုင်ခဲ့ပြီး ပွဲပြီးကာနီးအချိန်ပိုရောက်မှချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ပွဲမှ မန်စီးတီးရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ဂွါဒီယိုလာက "ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့ရာသီက လိုအပ်ချက်တွေကို ဒီရာသီမှာ အများကြီးပြန်လည်ဖြည့်ဆည်းထားပါတယ်။ စိတ်ဓာတ်ပိုင်းလည်း အရမ်းတိုးတက်လာပါတယ်"

"ရာသီတိုင်းမှာ ထိပ်ဆုံးခြေစွမ်းနဲ့ကစားဖို့ မထိန်းသိမ်းနိုင်ပေမယ့် ဒီရာသီမှာတော့ အတက်ဘက်ကို ပြန်ရောက်လာခဲ့ပြီလို့ထင်ပါတယ်။ တနင်္ဂနွေနေ့မှာ အသင်းရဲ့ ထိပ်တန်းခြေစွမ်းကိုပြန်လည်ပြသနိုင်ခဲ့ပြီး အာဆင်နယ်ကိုလည်း ချီးကျူးပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး စပိန်သားနည်းပြက "အထူးသဖြင့် ယူနိုက်တက်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကနေစပြီး ကျွန်တော်တို့ရဲ့ ပုံစံအမှန်ကို ပြန်ရှာတွေ့ခဲ့တာပါ။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေအများကြီးချမှတ်ပြီး ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီတစ်ပတ်အတွင်း ၃ ပွဲအထိကစားခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်မာကျောမှု ကိုပြသနိုင်ခဲ့ပါတယ်။ အသင်းကို ဂရုစိုက်သွားဖို့လည်းလိုပါတယ်။ ဖခင်တစ်ယောက်၊ မိခင်တစ်ယောက်လိုမျိုး ကစားသမားတွေကို သားသမီးတွေလို ဂရုစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်နဲ့သရေကျခဲ့တာကြောင့် မန်စီးတီးဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးကလီဗာပူးနဲ့ ၈ မှတ်အထိကွာဟနေပါတယ်။ ကြာသပတေးနေ့မှာတော့ မန်စီးတီးဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဟက်ဒါဖီးလ်နဲ့ယှဉ်ပြိုင်သွားရပါမယ်။