The network connection is lost.

Banner Image

ဘာစီလိုနာစတား နဲ့ အသင်းကြားအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဖလစ်

ဘာစီလိုနာနည်းပြ ဖလစ်က အသင်း နဲ့ ဂိုးသမား တာစတီဂျန်တို့ကြား ပြဿနာက အဆင်ပြေသွားပြီလို့ ပြောကြားလိုက်ပါတယ်။ ကနဦးသတင်းတွေအရ တာစတီဂျန်ဟာ သူ့ဒဏ်ရာအခြေအနေကို လာလီဂါထံ ပေးပို့ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး အဆိုပါအခြေအနေကြောင့် ဂါစီယာကိုမှတ်ပုံတင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ဂျာမန်သားဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲခဲ့ပြီး နည်းပြ ဖလစ်က ဝမ်းသာနေကာ သူ့ရဲ့ကြံ့ခိုင်မှုပြုလုပ်နေမှုကို အသင်းဘက်က အကူအညီပေးသွားမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“အရေးအကြီးဆုံးအရာက လူတိုင်းစကားပြောဆိုတာလို့ ထင်ပါတယ်။ မာ့ခ် နဲ့ အသင်းကြားက ပြဿနာက အဆင်ပြေခဲ့ပါပြီ။ အရေးအကြီးဆုံးအရာက သူအကောင်းဆုံးပြန်လာနိုင်ဖို့ပါ။ သူက ထိပ်တန်းဂိုးသမားဖြစ်သလို အရေးအကြီးဆုံးအရာက သူကစားဖို့အဆင်သင့်ဖြစ်နေဖို့ပါ။ ကျွန်တော်တို့အားလုံး သူ့ကိုကူညီပေးသွားမှာပါ။ ဂါစီယာကိုခေါ်ယူခဲ့ရာမှာလည်း အားလုံးပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးအတူတူ ဆုံးဖြတ်ချက်ချခဲ့တာပါ။ သူက ထိပ်တန်းဂိုးသမားဖြစ်သလို သူ့နောက်မှာ ဆက်ဇနီရှိနေပါတယ်။ ဒီအခြေအနေကို ကျွန်တော်ပျော်ပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။

ဖလစ်ကတော့ ချန်ပီယံဆုကာကွယ်ဖို့ ပြင်ဆင်နေပေမယ့် အသင်းဘက်က ကစားသမားအသစ်တွေကို မှတ်ပုံတင်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ရာသီအစကို လီဝန်ဒေါစကီးတစ်ယောက် ဒဏ်ရာရရှိနေတာကြောင့် သူမပါပဲ စတင်ရမှာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ ဘာစီလိုနာဟာ မာယော့ကာနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းဘက်က အဆိုပါပွဲမှာ ဂါစီယာကော ရက်ရှ်ဖို့ဒ်ပါ ပါဝင်နိုင်ဖို့ အချိန်မီမှတ်ပုံတင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လီဝန်ဒေါစကီးမပါဝင်နိုင်တာကြောင့် တိုက်စစ်ကို ဖာရန်တောရက်စ် ဦးဆောင်လာဖွယ်ရှိနေပြီး ဖလစ်အနေနဲ့ ရာသီအစရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေပါတယ်။