The network connection is lost.

Banner Image

ပွဲထွက်ခွင့်ရဖို့ အန်ဖီးလ်ကနေထွက်ခွာဖွယ်ရှိနေတဲ့ လီဗာပူးစတား

စလော့လက်အောက်မှာ နေရာမရတာကြောင့် ကွင်းလယ်လူ အီလီယော့တ်တစ်ယောက် အခုနွေရာသီမှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။အီလီယော့တ်ဟာ ၂၀၁၉ တုန်းက ဖူလ်ဟမ်ကနေ လီဗာပူးလူငယ်အကယ်ဒမီကိုပြောင်းလာခဲ့ပြီးနောက် အဆင့်ဆင့်တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ စီနီယာအသင်းမှာပါဝင်ခွင့်ရပေမယ့်လည်း အရေးပါတဲ့ကစားသမားအဖြစ်တော့ ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။

ဒီရာသီမှာ အီလီယော့တ်တစ်ယောက် ၈၂၂ မိနစ်သာပါဝင်ခွင့်ရရှိခဲ့ပြီး အန်ဒို နဲ့ ကာတစ်ဂျုံးစ်တို့ကသာ ပိုပွဲထွက်ခွင့်ရနေပါတယ်။ အဆိုပါအခြေအနေတွေကြောင့် အခုလာမယ့်နွေမှာတင် ပုံမှန်ကစားခွင့်ရမယ့်အသင်းမျိုးကို ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

အင်္ဂလန်ယူ - ၂၁ အသင်းအတွက် ကစားပေးရင် အင်တာဗျူးတစ်ခုမှာ အီလီယော့တ်က “အဲ့တာက အသင်းနဲ့ကျွန်တော့်ကြားမှာ ဆွေးနွေးရမယ့်အခြေအနေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်အခုဆို အသက် ၂၂ နှစ်ရှိလာပါပြီ။ လာမယ့်ရာသီဆိုရင် အသက် ၂၃ ဖြစ်ပါတော့မယ်။ ကျွန်တော်အချိန်ကုန်မခံချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားဘဝက တိုတောင်းပါတယ်။ ဘာဖြစ်မလဲဆိုတာ ခင်ဗျားမသိနိုင်ပါဘူး။

ကျွန်တော်ပြန်လည်တုံ့ပြန်ဖို့ လိုအပ်သလို ကစာ.သမားတစ်ဦးအနေနဲ့ တိုးတက်အောင်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက အရေးကြီးတဲ့အရာပါ။ ကျွန်တော် တိုးတက်ချင်သလို ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို မြင်စေချင်ပါတယ်။ ကျွန်တော့်အတွက်အဆင်ပြေမယ့်အသင်းမျိုးရင် ကျွန်တော်ပြောင်းဖို့စဉ်းစားသွားမှာပါ။ အသင်းကနေမထွက်ခွာချင်သလို ကျွန်တော် ဒီအသင်း နဲ့ ဒီပရိသတ်တွေကို ချစ်ပါတယ်။ကျွန်တော်ထွက်ခွာဖြစ်ခဲ့ရင်လည်း အသင်းကိုအားပေးနေမှာပါ။ ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်တော့်ကစားသမားဘဝပါ”လို့ ဖြေကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လေဗာကူဆင်စတား ဝီရက်ဇ်ကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး တကယ်လို့အဆင်ပြေခဲ့ရင် အီလီယော့တ်ကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ အီလီယော့တ်တစ်ယောက် အင်္ဂလန်စီနီယာအသင်းမှာပါဝင်ခွင့်မရသေးပဲ လာမယ့်ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။