The network connection is lost.

Banner Image

မာဆေးလ်နဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်မတိုင်ခင် စိတ်တည်ငြိမ်ဖို့ လိုအပ်ကြောင်း လူးဝစ်အင်းနရစ် ပြောကြား

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ယနေ့ည ကစားမယ့် မာဆေးလ်အသင်းနဲ့ကစားမယ့် Le Classique ပွဲစဉ်အတွက် အသင်းအနေနဲ့ စိတ်တည်ငြိမ်ဖို့လိုအပ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ အတ္တလန္တာကို ချန်ပီယံလိဂ်မှာ ၄-၀ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့အပါအဝင် ရာသီအစမှာ ခြေစွမ်းပြနေပေမဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်မတိုင်ခင်မှာ အသင်းသားတွေအနေနဲ့ စိတ်လှုပ်ရှားနေကြတယ်လို့ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လီဂူး (၁) အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ယနေ့ည ထပ်နိုင်ခဲ့မယ်ဆိုရင် အမှတ်တွေထပ်တိုးသွားမှာဖြစ်ပါတယ်။ အင်းနရစ်က ဒီလိုဖိအားများတဲ့ပွဲတွေမှာ အတွေ့အကြုံရှိဖို့နဲ့ စိတ်တည်ငြိမ်ဖို့က အရေးကြီးတယ်လို့ အလေးထားပြောကြားခဲ့ပါတယ်။ 

အင်းနရစ်က"ပုံမှန်အားဖြင့် အလွန်အရေးကြီးတဲ့ပွဲတစ်ပွဲကစားရတော့မယ်ဆိုရင် လူတိုင်းက စိတ်လှုပ်ရှားနေကြတာပါပဲ။ ကျွန်တော့်အနေနဲ့ ဒီလိုပွဲမျိုးတွေမှာ အတွေ့အကြုံရှိတဲ့ နည်းပြတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားတာထက် စိတ်တည်ငြိမ်အောင်ထိန်းသိမ်းတာက ပိုပြီးအရေးကြီးပါတယ်"လို့ ပြောခဲ့ပါတယ်။

အင်းနရစ်က အသင်းရဲ့ စုပေါင်းအားကောင်းမှုကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ 
အင်းနရစ်က"ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကတော့ ကစားသမားတစ်ဦးတစ်ယောက်ထက် အသင်းကပိုပြီးအရေးကြီးတယ်ဆိုတာပါပဲ။ အဲဒါက တကယ့်အသင်းတစ်သင်းဖြစ်တယ်ဆိုတာရဲ့ အဓိပ္ပာယ်ပါပဲ"လို့ ဆိုပါတယ်။