The network connection is lost.

Banner Image

ချဲလ်ဆီးမှ မာဒူကီထွက်ခွာပုံအပေါ် မခံချိမခံသာဖြစ်နေတဲ့ ကူကူရယ်လာ

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲခရီးလမ်းမပြီးဆုံးခင်မှာဘဲ ချဲလ်ဆီးအသင်းရဲ့လေ့ကျင့်ရေးစခန်းမှထွက်ခွာသွားခြင်းဖြင့် မာဒူကီ အမှားတစ်ခုကျူးလွန်ခဲ့တယ်လို့ ကူကူရယ်လာက ယုံကြည်နေပါတယ်။ တောင်ပံကစားသမားက လန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်ဆီ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွှေ့နိုင်ရန်အလို့ငှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ အင်္ဂလန်ဆီ ထွက်ခွာသွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲအတွင်း မာဒူကီက ချဲလ်ဆီးရဲ့ဗိုလ်လုပွဲခရီးလမ်းတလျှောက် ပွဲစဉ်ခြောက်ခုအနက် ငါးခုမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ ဗိုလ်လုပွဲမှာတော့ သူက ချဲလ်ဆီးအသင်းလူစာရင်းမှထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အသက်-၂၃ နှစ်အရွယ်ကစားသမားက ဂန်းနားတွေနဲ့ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မာဒူကီရဲ့ချဲလ်ဆီးမှထွက်ခွာသွားပုံနဲ့ပတ်သက်လို့ ကူကူရယ်လာက “ ဟုတ်ပါတယ်၊ အတော်လေးထူးဆန်းလွန်းတယ်လို့ပဲ ကျွန်တော်လည်း တွေးမိပါတယ်။ သူက ပွဲထွက်ခွင့်မရဘူးဆိုပေမယ့် အခွင့်အရေးကောင်းတစ်ခုနဲ့လွဲချော်သွားတယ်လို့ပဲ ထင်ပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာခဲ့တဲ့ကိစ္စတွေကြောင့်သာ အခုလိုမျိုးဆုံးဖြတ်ခဲ့တာလို့ ယူဆမိပါတယ်။ မာဒူကီကိုယ်တိုင်လည်း အပြောင်းအရွှေ့ကို ခေတ္တခဏလောက် ဆိုင်းငံ့ထားခဲ့သင့်တယ်လို့ ထင်ပါတယ်။

ရက်အနည်းငယ်လောက်စောင့်ဆိုင်းရရုံနဲ့ သူ့အတွက်ဆုံးရှုံးနိုင်စရာ ဘာမှမရှိပါဘူး။ အဆုံးမှာတော့ မာဒူကီဟာ အခွင့်အရေးကောင်းနဲ့လွဲချော်သွားတယ်လို့ပဲ ယူဆမိပါတယ်”လို့ ပြောပါတယ်။