The network connection is lost.

Banner Image

တရားမဝင်ချဉ်းကပ်မှုစွပ်စွဲချက်တွေကြားမှာ ကြီးမားတဲ့အတားအဆီးနဲ့ ရင်ဆိုင်နေရတဲ့ ဂစ်ဘ်စ်-ဝှိုက်နဲ့ တော့တင်ဟမ် အပြောင်းအရွှေ့

မော်ဂန်ဂစ်ဘ်စ်-ဝှိုက်ကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့ရဲ့ ကြိုးပမ်းမှုက ထိခိုက်မှုရှိလာနေပါတယ်။ နော်တင်ဟမ်ဖောရက်စ်က တော့တင်ဟမ်ဟာ သူတို့ရဲ့ကစားသမားကို "တရားမဝင်" ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြောက်လန်ဒန်ကလပ်ကို စွပ်စွဲထားပါတယ်။ 

တော့တင်ဟမ်က အသက် ၂၅ နှစ်အရွယ်ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူခဲ့ပေမဲ့ ဖောရက်စ်အသင်းက ဆက်သွယ်ပြောဆိုမှုတွေကို ရပ်ဆိုင်းထားပြီး ပရီးမီးယားလိဂ်ကို တရားဝင်တိုင်ကြားဖို့ ပြင်ဆင်နေပါတယ်။

သတင်းတွေအရ နော်တင်ဟမ်ဖောရက်စ်အသင်းက တော့တင်ဟမ်အသင်းအနေနဲ့ ခွင့်ပြုချက်မရှိဘဲ စာချုပ်ကိစ္စကိုပြောဆိုမှုနဲ့ သီးသန့်ထားရှိရမယ့် အချက်အလက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲနေပါတယ်။ ဒါ့အပြင် တော့တင်ဟမ်အသင်းက စာချုပ်ဖျက်သိမ်းကြေးပေးပြီးခေါ်ယူခွင့်ကို သိရှိထားတဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုနေပါတယ်။

Telegraph က အဆိုပါသဘောတူညီမှုဟာ ပျက်ပြယ်သွားပြီလို့ ဖော်ပြထားပြီး Sky Sports ကတော့ ဖောရက်စ်အသင်းမှာ အဆိုပါအပြောင်းအရွှေ့ကို ပိတ်ပင်နိုင်လောက်တဲ့ တရားဝင်အကြောင်းပြချက်ရှိနိုင်မှာမဟုတ်ဘူးလို့ အကြံပြုပြောဆိုထားပါတယ်။ ဖောရက်စ်အသင်းက အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ပေါက်ကွဲနေတယ်လို့ သိရပါတယ်။ ဖောရက်စ်အသင်းက တော့တင်ဟမ်ကိုဂစ်ဘ်စ်-ဝှိုက်နဲ့ဆွေးနွေးဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့သလို ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေတဲ့ကာလအတွင်း ပရီးမီးယားလိဂ်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ထားပါတယ်။

ဂစ်ဘ်စ်-ဝှိုက်ကို သောကြာနေ့မှာ ဆေးစစ်မှုလုပ်ဆောင်ဖို့ စီစဉ်ထားပြီးပြီဖြစ်ပေမဲ့ ဖောရက်စ်က ဆွေးနွေးမှုတွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ကိစ္စက မရေရာတဲ့အခြေအနေ ဖြစ်နေခဲ့ပါတယ်။