The network connection is lost.

Banner Image

ဒွန်နာရမ်မာထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဘိုင်ယန်စတား မူစီယာလာ

ဘိုင်ယန်စတား မူစီယာလာတစ်ယောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်ဂိုးသမား ဒွန်နာရမ်မာနဲ့ ထိခိုက်မိတဲ့အပေါ် မက်ဆေ့ချ်ပေးပို့လိုက်ပါတယ်။ ဆိုးဝါးတဲ့ဒဏ်ရာရရှိခဲ့ပြီးနောက် မူစီယာလာက လူမှုမီဒီယာကနေတစ်ဆင့် ဒွန်နာရမ်မာအပေါ် ဘာပြင်းထန်တဲ့ခံစားချက်မျိုးမရှိဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီစတားနဲ့ထိခိုက်မိခဲ့ပြီးနောက် ဂျာမန်သားဟာ လပေါင်းများစွာနားရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ ဘိုင်ယန်အသင်းကတော့ မူစီယာလာအနေနဲ့ ခွဲစိတ်မှုခံယူခဲ့ပြီးနောက် ပြန်လည်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေလုပ်ဆောင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။

ပွဲအပြီးမှာ ဘိုင်ယန်အားကစားဒါရိုက်တာ မက်စ်အပါအဝင် ဂိုးသမား နူအာလည်း ဒွန်နာရမ်မာရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပေမယ့် အင်းနရစ် နဲ့ ကော်တိုရစ်တို့ရဲ့အားပေးမှုကိုတော့ ရရှိခဲ့ပါတယ်။ “ခွဲစိတ်မှုက အဆင်ပြေပြေဖြစ်ခဲ့ပါတယ်။ ကျွန်တော်အခုဂရုစိုက်နေပါတယ်။ကျွန်တော်ပြောချင်တာကတော့ ဘယ်သူ့ကိုမှအပြစ်မတင်ချင်ပါဘူး။ ဒီလိုအခြေအနေမျိုးက ဖြစ်ပျက်တတ်ပါတယ်။  အခုတော့ ကျွန်တော် လာမယ့်ကာလတွေမှာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ပြီး အပေါင်းလက္ခဏာဆောင်အောင် လုပ်ဆောင်ပါမယ်။ အသင်းဖော်တွေနဲ့ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်”လို့ မူစီယာလာက ပြောကြားခဲ့ပါတယ်။ 

ဒွန်နာရမ်မာရဲ့ပီအက်စ်ဂျီအသင်းကတော့ ကလပ်ကမ္ဘာ့ဖလားမှာဆက်ရှိနေပြီး ဆီမီးဖိုင်နယ်ပွဲအဖြစ် ရီးရဲလ်နဲ့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကန်ရမှာဖြစ်ပါတယ်။ မူစီယာလာအနေနဲ့တော့ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ရမှာဖြစ်တာကြောင့် လာမယ့် ၂၀၂၆ အစမတိုင်ခင်အထိ ကစားနိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။