The network connection is lost.

Banner Image

လီအိုနီအတွက် မြင့်မားတဲ့တန်ကြေးကိုလက်ခံရရှိခဲ့တယ်လို့ ပါးမားအမှုဆောင် ထုတ်ဖော်ပြောကြား

လီဗာပူးအသင်းထံ လီအိုနီကိုပေါင်သန်း ၃၀ နဲ့ မရောင်းချခင် နယူးကာဆယ်အသင်းထံကနေ မြင့်မားတဲ့တန်ကြေးနဲ့ကမ်းလှမ်းမှုလက်ခံရရှိခဲ့တယ်လို့ ပါးမားအမှုဆောင် ဖရက်ဒရီကိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အခုနွေရာသီအစောပိုင်းတုန်းက နောက်ခံလူသူသစ်ရှာဖွေခဲ့တာဖြစ်ပြီး လီအိုနီကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ အခုနွေရာသီမှာ ပစ်မှတ်တော်တော်များများကို လွဲချော်ခဲ့သလို အဓိကတိုက်စစ်မှူး အီဆက်ကိုလည်း လီဗာပူးထံ လက်လွှတ်ခဲ့ရပါတယ်။ နယူးကာဆယ်ဟာ တိုက်စစ်ပိုင်းအတွက် အက်ကီတီကီ ၊ ဆက်စ်ကိုတို့ကိုမျက်စိကျခဲ့ပေမယ့် ပြိုင်ဘက်တွေက လက်ဦးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပါးမားအမှုဆောင် ဖရက်ဒရီကိုက နယူးကာဆယ်ဟာ လီအိုနီကို မျက်စိကျခဲ့ပြီး လီဗာပူးကိုထက် မြင့်မားတဲ့တန်ကြေးမျိုးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နယူးကာဆယ်ထံကနေ မြင့်မားတဲ့တန်ကြေးနဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အစီအစဉ်တွေက လီဗာပူးနဲ့ကျ ပြောင်းလဲခဲ့ပါတ်။ ဒါကဘာကြောင့်လဲဆိုတော့ အရမ်းကိုမှဆွဲဆောင်တဲ့ကမ်းလှမ်းမှုကြောင့်ပါ။ ဘာလို့လဲဆိုတော့ လီအိုနီကိုယ်တိုင်က လီဗာပူးထံပြောင်းရွှေ့ချင်ခဲ့တာပါ”လို့ ဖရက်ဒရီကိုက ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံး ၃ ပွဲစလုံးကိုအနိုင်ရရှိထားပြီး လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့မှာ ဘန်လေကို အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။