The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ပြန်ဖို့ ချိတ်ဆက်ခြင်းခံနေရတဲ့ ဘိုင်ယန်စတား

သတင်းတွေအရ ဖူလ်ဟမ်အသင်းဟာ လာမယ့်နွေမှာ ကွင်းလယ်လူဟောင်း ပယ်လင်ဟာကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းဌာန BILD ကလည်း ပယ်လင်ဟာကို ဖူလ်ဟမ် နဲ့ ဝက်စ်ဟမ်းတို့က ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကတော့ မြူးနစ်မြေမှာပဲ ဆက်ရှိနေဖို့များနေပါတယ်။ 

ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာကတော့ မိမိတို့အသင်းအနေနဲ့ ပယ်လင်ဟာကို နွေရာသီမှာ ရောင်းချမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ၁၅ ပွဲသာ ပါဝင်ခွင့်ရရှိထားပေမယ့် ပယ်လင်ဟာကိုယ်တိုင်က ဘိုင်ယန်ကို အိမ်လို့ခံစားရကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပြီး အသင်းမှာ ကင်မစ်ချ် ၊ ဂေါ်ရက်ကာ ၊ ပါလိုဗစ်တို့နဲ့ နေရာရဖို့ အားပြိုင်နေရပါတယ်။

အခုအပတ်မှာ ပယ်လင်ဟာအနေနဲ့ ဘိုင်ယန်အသင်း ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်နိုင်ဖို့ အရေးပါတဲ့နေရာကနေ ပါဝင်ပေးချင်နေပြီး တကယ်လို့ စနေနေ့မှာ ဘိုင်ယန်အနေနဲ့ လိုက်ပ်ဇစ်ကိုအနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံဆုရရှိမှာဖြစ်ပါတယ်။