The network connection is lost.

Banner Image

ဘုန်းတော်ကြီးတွေလိုပြုမူရမယ်လို့ တပည့်တွေကို အကြံပေးလိုက်တဲ့ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းသားတွေအနေနဲ့ ဝေဖန်မှုတွေကို ဘုန်းတော်ကြီးတွေလိုပြုမူရမယ်လို့ အကြံပေးလိုက်ပါတယ်။

အာဆင်နယ်ကို အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဂိုးသမား ဘာရင်ဒါကို ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ အာမိုရင်က အဆိုပါဝေဖန်မှုတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော့်ကစားသမားတွေကို ဝေဖန်မှုတွေခံရချိန်မှာ ပြောထားတာတွေရှိပါတယ်။ အဲ့လိုဖြစ်ချိန်မှာ ခင်ဗျားအနေနဲ့ စိတ်ပျက်မယ်ဆိုတာ သာမန်ပါပဲ။

ကျွန်တော့်အတွက် ကျွန်တော့်ကိုယ်ကျွန်တော်ကော အသင်းသားတွေကိုပါ ကာကွယ်မယ့်နည်းလမ်းက ဘာမှမမြင်သလိုနေဖို့ပါ။ ခင်ဗျားအနေနဲ့ ဘုန်းတော်ကြီးတွေလိုပြုမူသင့်ပါတယ်။ အထူးသဖြင့် ပြဿနာတွေနဲ့ကြုံချိန်မှာပါ။ အဲ့နောက် ကျွန်တောက်လက်ရှိအချက်အလက်တွေကို ပြောကြားပါမယ်။ ဘာလို့လဲဆို တော့ ပုံမှန်တွေက မမှန်တာတွေရှိပါတယ်။ အယ်လ်တေက အမှားတစ်ခုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက သူအရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ကစားသမားတွေကို ပြောပြမှာဖြစ်သလို ပုံပြင်တွေကို တိုက်ပွဲဝင်ဖို့ ကြိုးစားပါမယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကစားသမားတွေက သူတို့ဘဝနဲ့သူတို့ ပျော်ရွှင်ကြမှာပါ။ အလုပ်လုပ်ပြီး မိသားစုနဲ့အချိန်ကုန်ဆုံးမှာပါ။ ဒါကြောင့် သူတို့အနေနဲ့ ပြဿနာတွေကို တီဗွီကနေကော အင်တာနက်ကနေပါ မမြင်ချင်ယောင်ဆောင်ဖို့ လိုအပ်ပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

အာမိုရင်ဟာ အာဆင်နယ်ကို ၁-၀ နဲ့ အရေးနိမ့်ပြီးနောက် အပေါင်းလက္ခဏာဆောင်တာတွေကိုပြောပြခဲ့ပြီး ကစားသမားတွေဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်နဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲက အရှုံးကို ချေဖျက်ဖို့ လိုအပ်နေပါတယ်။