
ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာနိုင်တဲ့ ရိုင်ယန်ဂစ်
ယူနိုက်တက်တောင်ပံကစားသမားဟောင်းဖြစ်သူ ရိုင်ယန်ဂစ်သည် အိမ်တွင်းအကြမ်းဖက်မှု စွဲချက်များကင်းစင်ပြီးနောက် ယူနိုက်တက်ဂန္ထဝင်အသင်းဖော်များနှင့် အတူ ကလပ်၏ပူးတွဲပိုင်ရှင်ဖြစ်ခဲ့သော်လည်း ယခုအခါ အဆိုပါအသင်း၏ နည်းပြ ရာထူးကို တာဝန်ယူရန် စိတ်ဝင်စားနေပြီး လက်ရှိမန်နေဂျာ နီးလ်ဝုဒ်ထံမှ လွှဲပြောင်းရယူနိုင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေပါတယ်။
လိဂ်တူးကလပ်အသင်းကို ပူးတွဲပိုင်ဆိုင်တဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းဟာ ဝေးလ်စ်နည်းပြရာထူးကနေ နုတ်ထွက်ပြီး ၂၀၂၂ ခုနှစ် ဇွန်လကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ The Sun ရဲ့ အဆိုအရ အသက် ၄၉ နှစ်အရွယ် ရိုင်ယန်ဂစ်ဟာ "ကလပ်မှာ ရလဒ်တွေ မတိုးတက်ခဲ့ရင် လူမိုက်ကြီး ပြန်ရောက်လာမှာပါ" လို့ ဆိုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ရိုင်ယန်ဂစ်သည် ကလပ်တွင် တက်ကြွစွာဖြင့် အခြေအနေများကို စောင့်ကြည့်နေပြီး မန်နေဂျာ နီးလ်ဝုဒ်က ၎င်း၏ အသင်းကို ပလေးအော့ဖ်ပြိုင်ပွဲအတွက် ဝင်ခွင့်မရခဲ့ပါက အသင်းမှ ထွက်ခွာရန် တွန်းအားပေးခံရနိုင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
ဆယ်ဖို့ဒ်အသင်းသည်သည် လက်ရှိတွင် ရာသီသစ် လိဂ်အမှတ်ပေးဇယားတွင် အဆင့် (၁၉) နေရာတွင် ရပ်တည်နေပြီး အဖွင့်ပွဲစဉ် (၅)ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိထားကာ သရေပွဲ ၁ ပွဲနှင့် ၅ ပွဲရှုံးနိမ့်ထားကြောင်းသိရပါတယ်။ အဆိုပါသတင်းဟာ ရိုင်ယန်ဂစ်က ၎င်း၏ရည်းစားဟောင်း ကိတ်ဂရီဗီးလ်အား စော်ကားမှုဖြင့် စွပ်စွဲခံထားရသော စွဲချက်မှ ဇူလိုင်လတွင် ကင်းလွတ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် မစ္စဂရီဗီးလ်အား ခေါင်းအုံးဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် စွဲချက်တင်ခံထားရသောဖြစ်ရပ်များနှင့် ၎င်း၏ ညီမဖြစ်သူ အမ်မာအား မကြာခဏ စော်ကားမှုများမှလည်း ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။ ဗြိတိန် တရားရေးဌာနမှ စွဲချက်တွေကို ရုပ်သိမ်းပြီးနောက် ရိုင်ယန်ဂစ်က သူ့အနေနဲ့ စိတ်သက်သာရာ ရရှိခဲ့ကြောင်းပြောကြားခဲ့ပြီး အပြစ်မဲ့သူအဖြစ် သူ့ဘဝနဲ့ အသက်မွေးဝမ်းကြောင်းကို ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်နေပါတယ် လို့ ပြောခဲ့ပါတယ်။
၂၀၂၂ တွင် ဖြစ်ပွားခဲ့သော အဆိုပါအမှုတွဲကိစ္စကြောင့် ရိုင်ယန်ဂစ်ဟာ ဝေးလ်အသင်းနည်းပြရာထူးမှ နုတ်ထွက်ရန် ရွေးချယ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်တစ်ခုတွင် ရိုင်ယန်ဂစ်က "အများကြီးစဉ်းစားပြီးမှ၊ ကျွန်တော်ဟာ ဝေးလ်အမျိုးသားလက်ရွေးစင် အသင်းရဲ့ မန်နေဂျာရာထူးကနေ ချက်ချင်းရပ်လိုက်ပါပြီ။ ကျွန်တော့်နိုင်ငံကို စီမံခန့်ခွဲရတာ ဂုဏ်ယူစရာ အခွင့်ထူးတစ်ခု ဖြစ်ပေမယ့် ဝေးလ်အက်ဖ်အေ၊ နည်းပြ ဝန်ထမ်းတွေနဲ့ ကစားသမားတွေဟာ ပြိုင်ပွဲအတွက် သေချာမှု၊ ရှင်းလင်းမှုတွေ၊ သူတို့ရဲ့ နည်းပြရာထူးကို ထင်ကြေးမပေးဘဲ ကြိုတင်ပြင်ဆင်တာသာ မှန်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဝေးလ်ဘောလုံးအဖွဲ့ချုပ် (FAW)က ရိုင်ယန်ဂစ်၏ မန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သော သက်တမ်းအတွက် ၎င်းအားကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ထားပြီး ဝေးလ် ဘောလုံးအသင်း၏ အကောင်းဆုံး တိုးတက်မှုများအတွက် ၎င်းလုပ်ဆောင်ခဲ့သော ဆုံးဖြတ်ချက်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရိုင်ယန်ဂစ်ဟာ အဆိုပါစွဲချက်များမှ ပယ်ဖျက်ခံရပြီးနောက် ဘောလုံးလောကသို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဝင်ရောက်ပြီးစတင်ရန် ဆန္ဒရှိကြောင်း Mail Sportက ဖော်ပြခဲ့ပါတယ်။