The network connection is lost.

Banner Image

ပီအက်စ်ဂျီစတားဟာ ဘော်လွန်းဒီအော်ဆုနဲ့ထိုက်တန်တယ်လို့ သက်သေထူလိုက်တဲ့ ဂနာဘရီ

ဘိုင်ယန်တောင်ပံကစားသမား ဂနာဘရီက ဒမ်လီလီဟာ ဘော်လွန်းဒီအော်ဆုနဲ့ထိုက်တန်တယ်လို့ ထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီစတားဟာ ဘာပေထက်ပိုကောင်းတယ်လို့လည်း ထောက်ခံလိုက်ပါတယ်။ ဘိုင်ယန်စတားက ဒမ်ဘီလီဟာ ဘယ်ခြေကော ညာခြေပါအသုံးချနိုင်တယ်လို့ ချီးကျူးလိုက်ပါတယ်။

ဒမ်ဘီလီဟာ ပီအက်စ်ဂျီနဲ့အတူ အံ့ဖွယ်ရာသီတစ်ခုဖြတ်သန်းနိုင်ခဲ့ပြီးနောက် ဘော်လွန်းဒီအော်ဆုကိုရယူနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်သားဟာ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၃၅ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ဖလား ၃ လုံးချန်ပီယံဆုအပြင် ပထမဆုံးချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပါတယ်။ အဆိုပါအောင်မြင်မှုတွေကြောင့် ဒမ်ဘီလီဟာ ယာမဲလ်ကိုကျော်ဖြတ်ပြီး ဘော်လွန်းဒီအော်ဆုကို ရယူနိုင်ခဲ့ပါတယ်။

ဂျာမန်သားဟာ ဒမ်ဘီလီရဲ့အလားအလာနဲ့ပတ်သက်ပြီး ကာလရှည်ထောက်ခံခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ အင်တာဗျူးတုန်းက ဂနာဘရီက အသင်းဖော် မူလာ နဲ့ ကင်မစ်ချ်တို့ကို ဒမ်ဘီလီက ဘာပေထက်ပိုကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့အချိန်တုန်းက ဒမ်ဘီလီဟာ ဘာစီလိုနာမှာပဲရှိနေဆဲဖြစ်ကာ အဲ့နောက် ပီအက်စ်ဂျီကိုပြောင်းရွှေ့ပြီးနောက်မှာ ဂနာဘရီရဲ့ထောက်ခံမှုက အရာထင်လာခဲ့ပါတယ်။

ဒမ်ဘီလီတစ်ယောက် ဘော်လွန်းဒီအော်ဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး ဂနာဘရီက “အနည်းငယ်တော့ ထောက်ခံချင်ပါတယ်။ ဒမ်ဘီလီမှာက ကြီးမားတဲ့အရည်အချင်းရှိပါတယ်။ သူက ခြေထောက် ၂ ဖက်စလုံးနဲ့ကစားနိုင်စွမ်းရှိပါတယ်။ အဲ့လိုမျိုးကမ္ဘာပေါ်က ဘယ်ကစားသမားမှမလုပ်နိုင်ပါဘူး။ ကျွန်တော် သူ့အတွက် အရမ်းပျော်ပါတယ်”လို့ ဂနာဘရီက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်စတားက ဘာပေနဲ့ပတ်သက်ပြီးလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒမ်ဘီလီ နဲ့ ဘာပေတို့ကြား အမြင်မတူတာတွေရှိနေပြီး ဘာပေက ဘောလုံးလောကရဲ့အတည်ငြိမ်ဆုံးကစားသမားဖြစ်လာနေပြီး အနာဂတ်မှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ဘော်လွန်းဒီအော်ဆုနေရာကို စိန်ခေါ်နိုင်မယ့်သူအဖြစ် ရှုမြင်နေကြပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်အသင်းနဲ့အတူ ပထမရာသီအပြီးမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒမ်ဘီလီကတော့ ဒဏ်ရာပြဿနာတွေအပြင် မတည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ်က စွမ်းဆောင်ရည်ကောင်းတွေကြောင့်သာ အခုလိုဆုရရှိခဲ့တာဖြစ်ပါတယ်။

ဂနာဘရီကတော့ ဒီရာသီဘိုင်ယန်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ၃ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ ကွန်ပနီလက်အောက်မှာ ရှုံးပွဲမရှိသေးပဲ လာမယ့်အပတ်မှာ ဝါဒါဘရီမင်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။