The network connection is lost.

Banner Image

အင်တာမီယာမီက ကလပ်ကမ္ဘာ့ဖလားမှာ အထင်ကြီးစရာ ခြေစွမ်းမျိုးပြသနိုင်မယ်လို့ ဆွာရက်ဇ်ဆို

အင်တာမီယာမီတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က တနင်္ဂနွေမနက် Hard Rock ကွင်းမှာ စတင်မယ့် ကလပ်ကမ္ဘာ့ဖလားမှာ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မျှော်လင့်ချက် ကြီးကြီးထားနေတယ်လို့ ပြောပါတယ်။ ကမ္ဘာ့အဆင့်မှာ အထင်ကြီးစရာကောင်းအောင် လုပ်ပြနိုင်မယ်လို့ သူက ယုံကြည်နေပေမဲ့ ဥရုဂွေး တိုက်စစ်မှူးက မေဂျာလိဂ်က ချမှတ်ထားတဲ့ ကုန်ကျစရိတ် "ကန့်သတ်ချက်" တွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့တာပါ။

အင်တာမီယာမီဟာ ၂၀၂၄ ခုနှစ်မှာ MLS Supporters' Shield ကို ဆွတ်ခူးပြီးနောက် အိမ်ရှင်ကလပ်အနေနဲ့ ပြိုင်ပွဲဝင်ခွင့်ရခဲ့တာပါ။ အုပ်စု A မှာတော့ အီဂျစ်ချန်ပီယံ အယ်လ်အာလီ၊ ဘရာဇီးလ်က အင်အားကြီးအသင်း ပါမီးရက်စ်၊ ပေါ်တူဂီအသင်း ပေါ်တို တို့နဲ့ အတူကျရောက်နေပါတယ်။ ဆွာရက်ဇ်က "ကလပ်ကမ္ဘာ့ဖလားက ဘာကို ကိုယ်စားပြုလဲ၊ ယှဉ်ပြိုင်ဖို့ လာတဲ့အသင်းတွေကြောင့် မျှော်လင့်ချက်တွေ အရမ်း မြင့်မားနေတယ်ဒ။ ဒါပေမဲ့ ကျွန်တော်တို့အတွက်ကတော့ စိတ်ငြိမ်ငြိမ်ထားဖို့၊ ပျော်ပျော်ရွှင်ရွှင် ကစားဖို့နဲ့ ရထားတဲ့ ဒီလှပတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချဖို့ပါပဲ။ လူငယ်ကစားသမားတွေအနေနဲ့ ဒီကလပ်ကမ္ဘာ့ဖလား အတွေ့အကြုံကို ရဖို့ အခွင့်အရေးယူဖို့က အရေးကြီးပါတယ်။ အင်တာ ဘာလုပ်မလဲဆိုတာကို လူအများကြီးက စိတ်ဝင်တစား စောင့်ကြည့်နေကြမှာပါ" လို့ ပြောပါတယ်။

ဒါပေမဲ့ ဆွာရက်ဇ်က မေဂျာလိဂ်ရဲ့ ထူးခြားတဲ့ ကုန်ကျစရိတ် ကန့်သတ်ချက် အခြေအနေကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါက အခြား ကမ္ဘာ့အင်အားကြီး အသင်းတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ အင်တာမီယာမီရဲ့ စွမ်းရည်ကို ထိခိုက်စေတယ် လို့ ယုံကြည်ကြောင်း ဆွာရက်ဇ်က ပြောပါတယ်။ "သိသိသာသာပဲ၊ မေဂျာလိဂ်က ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ လိုချင်တဲ့ အဆင့်အထိ ယှဉ်ပြိုင်လို့ မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေနဲ့ အစွမ်းကုန် ကြိုးစားရမှာပါ။ အသင်းတစ်သင်းက နောက်တစ်သင်းထက် ပိုအသာစီးရနေရင်တောင် ၁၁ ယောက်ချင်း ကစားတာပါပဲ၊ အဲဒီနေရာမှာပဲ ပွဲတွေက တကယ် ဆုံးဖြတ်ကြတာပါ" လို့ ဆွာရက်ဇ်က ပြောပါတယ်။