The network connection is lost.

Banner Image

ဂါလာတာစာရေးအသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာစတား

သတင်းတွေအရ ဘာစီလိုနာဂိုးသမား တာစတီဂျန်တစ်ယောက် ဂါလာတာစာရေးအသင်းထံပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ တာစတီဂျန်ဟာ ဘာစီလိုနာရဲ့သက်တော်ရှည်ကစားသမားဖြစ်သလို ၂၀၁၄ ကတည်းက အသင်းအတွက်ကစားပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရောဘတ်တိုထွက်ခွာသွားချိန်မှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်သားဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဝေဖန်မှုတွေအများအပြားခံခဲ့ရတာဖြစ်ပြီး အခုရာသီမှာလည်း ဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။ သူ့နေရာကို အရန်ဂိုးသမား ပီနာ နဲ့ အသစ်ပြောင်းလာတဲ့ ဆက်ဇနီတို့က တာဝန်ယူခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။

ရာသီမကုန်ခင်မှာ ကြံ့ခိုင်မှုပြန်ရခဲ့တာကြောင့် လာမယ့်ရာသီသစ်မှာနေရာရဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ အက်စ်ပန်ညိုဂိုးသမား ဂါစီယာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် တာစတီဂျန်အနေနဲ့ နေရာရဖို့ မလွယ်တော့တာဖြစ်ပါတယ်။ တူရကီသတင်းဌာန Fanatik ကတော့ ဂါလာတာစာရေးအသင်းဟာ တာစတီဂျန်ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ တကယ်လို့ တာစတီဂျန်အနေနဲ့ထွက်ခွာချင်တယ်ဆိုရင် ဂါလာတာစာရေးဘက်က ခေါ်ယူဖို့အသင့်ရှိနေပါတယ်။ 

စပေါ့တ်သတင်းဌာနကတော့ ဂါလာတာစာရေးအသင်းဟာ ကနဦးအငှား + လာမယ့်ရာသီမှာ အပြီးသတ်ဝယ်ယူခွင့်နဲ့ တာစတီဂျန်ကိုခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာရာသီကြိုခရီးစဉ်အတွက် ပြင်ဆင်နေပြီး လာမယ့်ရာသီဖလား ၃ လုံးချန်ပီယံဆုကိုကာကွယ်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း တာစတီဂျန်အခြေအနေက အသင်းမှာဆက်ရှိမလား ထွက်ခွာမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။