
အိုင်ဗန်တိုနေးရဲ့ အပြောင်းအရွှေ့ ကောလာဟလတွေအပေါ် တုံ့ပြန်လိုက်တဲ့ သောမက်စ်ဖရန့်ခ်
အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ လာမယ့်ရက်သတ္တပတ်မှာ ပြီးခဲ့တဲ့ ၄ လအတွင်း ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန့်ပြန်ဆင်းရန် စီစဉ်ထားပြီး သူ့ရဲ့ ၈ လကြာ ပိတ်ပင်ကန့်သတ်ချက်များကို တနင်္ဂနွေနေ့တွင် ဖြေလျှော့ပေးခဲ့ပါတယ်။
တိုနေးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ မတိုင်ခင်ထိ ကစားနိုင်သေးမှာမဟုတ်သလို နောက်လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အတွက်ပါဝင်ကစားခြင်း ရှိ မရှိ အပေါ် မေးခွန်းထုတ်မှုတွေ များပြားနေပါတယ်။ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၂၀ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးအတွက် ဇန်နဝါရီမှာ အလားအလာရှိတဲ့ ခေါ်ယူမှုအတွက် စောင့်ကြည့်နေတယ်လို့ ယုံကြည်ရပြီး ပရီးမီးယားလိဂ်မှာ တော့ ဟာလန်းနဲ့ ဟယ်ရီကိန်းတို့ပြီးနောက် သူက ဂိုးအများဆုံးသွင်းယူခဲ့သူဖြစ်ပါတယ်။
ဂါရတ်ဘေးလ်ရဲ့ ရီးရဲလ်မက်ဒရစ်သို့ အပြောင်းအရွှေ့နှင့် ဂရီလစ်ရှ်ရဲ့ မန်စီးတီးသို့ အပြောင်းအရွှေ့တို့ အပါအဝင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးများစွာကို ညှိနှိုင်းခဲ့တဲ့ CAA Stellar ကို သူ့ရဲ့အေးဂျင့်အဖြစ် ပြောင်းလဲခဲ့ခြင်းကြောင့် ထင်ကြေးပေးမှုများစွာ ဖြစ်ပေါ်ခဲ့တာပါ။ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ခ်က တိုနေးနဲ့ ပတ်သက်တဲ့ ကောလာဟလများကို အလွန်အမင်း စိုးရိမ်ပူပန်ခြင်းမရှိကြောင်းနှင့် လာမည့် ရက်သတ္တပတ်တွင် လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ချိတ်ဆက်မှုတွေအကြောင်း မေးမြန်းရာမှာ ဖရန့်ခ်က "ဆိုရှယ်မီဒီယာမှာ ဒီအကြောင်းတွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒါကို ဘယ်တော့မှ အမှန်မယူခဲ့ပါဘူး။ ဆိုရှယ်မီဒီယာမှာ ကျွန်တော် မပါတာ ကောင်းပါတယ် ဒီအတိုင်းထားပါရစေ""အဲဒါကို အပြင်မှာတွေ့ခဲ့ရင်လည်း အမှန်တရားလို့ လုံးဝမမြင်မိပါဘူး။ ဒါပေမယ့် အပြုသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ဖြစ်တာကြောင့် အသင်းကြီးတွေက သူ့ကိုစောင့်ကြည့်နေကြတာ နားလည်ပါတယ်" "သူက ထူးချွန်တဲ့ ကစားသမားပါ။ သူက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ လုပ်ထားကာ အသင်းရဲ့ကစားသမားဖြစ်လို့ အဖွဲ့ထဲ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်နေပါတယ်"လို့ ပြောပါတယ်။
တိုနေးကို လေ့ကျင့်ရေးကွင်းမှာ ပြန်မြင်ရတာက ဘယ်လောက်ကြီးမားလဲလို့ မေးတော့ ဖရန့်ခ်က "ကျွန်တော်တို့အတွက် သူ့ကို ပြန်မြင်ရတာ အရမ်းကောင်းပါတယ်" "သူက အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ပိုအရေးကြီးတာက ပိုကောင်းတဲ့ ကစားသမားတွေ အုပ်စုတွင်းမှာ ရှိနေဖို့ပါ။ သူက ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်၊ အရမ်းအကောင်းမြင်ပြီး ပိုကောင်းတဲ့စွမ်းအင်တွေ အများကြီး ယူဆောင်လာပါတယ်။
ဒါက ဘယ်အဖွဲ့အတွက်မဆို အရမ်းကောင်းပါတယ်" "သူသဘောကျတဲ့ အသင်းဖော်တွေရဲ့အနားသို့ ပြန်ရောက်လာပြီး ဘောလုံးပြန်ကစားခွင့်ရရှိတဲ့အပေါ် တိုနေးက အရမ်းပျော်နေမှာ သေချာပါတယ်" "သူက ကျွန်တော်တို့ကို တိုးတက်အောင်လုပ်ပေးမယ့်အပေါ် သံသယ မရှိပါဘူး။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ သူ့ကို အသင်းမှာ ထားချင်ပေမယ့် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူ့ကို နေ့တိုင်းရှိနေဖို့က အပြုသဘောဆောင်တယ်ဆိုတာ သေချာပါတယ်" လို့ ပြောပါတယ်။