The network connection is lost.

Banner Image

ဘိုင်ယန်စတားကို စိတ်ဝင်စားနေတဲ့ မေဂျာလိဂ်ကလပ် Cincinnati

LAFC အသင်းနဲ့ဆွေးနွေးမှုအဆင်မပြေခဲ့တဲ့နောက် ဘိုင်ယန်မြူးနစ်စတား မူလာကို Cincinnati အသင်းက စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ Auckland City အသင်းကို ၁၀-၀ နဲ့အနိုင်ရခဲ့တဲ့ပထမဆုံးပွဲမှာ မူလာတစ်ယောက် ၂ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

မူလာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘိုင်ယန်ကနေထွက်ခွာမှာဖြစ်ပြီး မေဂျာလိဂ်ကလပ်အသင်းက စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ မူလာကို မေဂျာလိဂ်မြေကချိတ်ဆက်နေတာဖြစ်ပြီး LAFC အသင်းက ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ Cincinnati အသင်းက ဂျာမန်သားကိုစိတ်ဝင်စားနေပြီး တကယ်လို့ လော့စ်အိန်ဂျလိမြေကိုပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။

“ခင်ဗျားကိုပြောနိုင်တာက သူတို့တစ်ကွင်းလုံးကော လာကြည့်တဲ့ပရိသတ်တွေကော တကယ်ကောင်းပါတယ်။ သူတို့ဒီမှာ အရမ်းကောင်းတဲ့အခြေအနေရှိခဲ့ပါတယ်”လို့ မူလာက ပြောကြားခဲ့ပါတယ်။ မူလာဟာ လာမယ့်ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်ပွဲအဖြစ် ဘိုကာဂျူနီယာနဲ့ပွဲမှာ ထပ်မံပါဝင်လာဖွယ်ရှိနေပါတယ်။