The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီး‌နောက် အသင်းပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ မူလာ

 ပီအက်စ်ဂျီကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးသောမတ်စ်မူလာဟာ အသင်းရဲ့ပရိသတ်တွေကို နှုတ်ဆက်စကားဆိုလာခဲ့ပြီး အသင်းမှထွက်ခွာသွားမှာဖြစ်‌‌ကြောင်းပြောကြားလာခဲ့ပါတယ်။ 

မူလာဟာ ပီအက်စ်ဂျီနဲ့ပွဲစဉ်အပြီးမှာ သူ့ရဲ့ ၂၅ နှစ်တာဘိုင်ယန်မြူးနစ်ကစားသမားဘဝကို အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဂျာမန်သားအနေနဲ့ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခွင့်ရခဲ့ပေမယ့်အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ၂-၀ နဲ့အ‌‌ရေးနိမ့်ခဲ့ပါတယ်။  ပွဲအပြီးမှာ မူလာက ပရိသတ်တွေရဲ့အားပေးမှုကို အသိအမှတ်ပြုကြောင်းပြသခဲ့ပြီး နှုတ်ဆက်ခဲ့ပါတယ်။ မူလာဟာ ဘိုင်ယန်မြူးနစ်အကယ်ဒမီသို့ အသက်-၁၀ နှစ်မှာစတင် ရောက်ရှိလာခဲ့ပြီး ယခုချိန်အထိ ဆက်လက်ကစားခဲ့ကာ ကလပ်ရဲ့ဂန္ထဝင်တစ်‌ယောက်အဖြစ်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အတွက်ကစားခဲ့တဲ့ ပွဲပေါင်း ၇၀၀ ကျော်အတွင်း မူလာဟာ စုစုပေါင်း ဂိုး ၂၅၀ သွင်းယူပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀၀ ကျော်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှုနေနဲ့တော့ ဂျာမန်သားဟာ ဘွန်ဒက်စ်လီဂါ ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် အခြားဆုဖလားအများအပြားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

မူလာရဲ့ဘိုင်ယန်ကစားသမားဘဝနောက်ဆုံးသွင်းဂိုးက တော့ အုတ်ကလန်ကို ၁၀-၀ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ဖြစ်ပြီး ဂျာမန်သားဟာ အဆိုပါပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲစဉ်အပြီးမှာတော့မူလာက "ကျွန်တော်တို့ဒီပွဲနိုင်ပွဲအတွက် ရှိသမျှအားလုံးပေးဆပ်ပြီးကစားခဲ့ပါတယ်။ အနိုင်ရမယ်လို့ ထင်မှတ်ခဲ့ ပေမယ့် ကျွန်တော်တို့ဖြစ်ချင်တဲ့ပုံစံအတိုင်း မဖြစ်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။  ဘိုင်ယန်မြူးနစ်ဟာ မူလာကိုစာချုပ်သက်တမ်းတိုးမြှင့်မှာမဟုတ်‌ကြောင်း ဧပြီလမှာ ကြေညာခဲ့ပြီး ၂၀၂၄-၂၅ ရာသီပိတ်ပွဲစဉ်မှာ ကစားသမားအတွက် ဂုဏ်ပြုပွဲပြုလုပ် ပေးခဲ့ပါတယ်။