
မက်သီ တယ်လ် အတွက် ပေါင် ၄၅ သန်းအောက်ဖြင့် သဘောတူညီမှု ရရှိထားတဲ့ တော့တင်ဟမ်
ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကုန်ဆုံးချိန်တွင် တော့တင်ဟမ်ဟာ ရာသီကုန်အထိ ဘိုင်ယန်မြူးနစ်မှ တယ်လ်ကို အငှားဖြင့် ခေါ်ယူရန်အတွက် ယူရို ၁၀ သန်း (ပေါင် ၈ သန်း) ပေးချေခဲ့ပါတယ်။ အန်ဂီ ပိုစတယ်ကိုဂလူး လက်အောက် အသင်းမှာ ရှိနေစဉ်အတွင်း အသက် ၂၀ နှစ်အရွယ် ကစားသမားဟာ ပြိုင်ပွဲအားလုံးတွင် ၂၀ ပွဲ ကစားခဲ့ရာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ကလပ်အား ယူရိုပါလိဂ် ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ယခုနွေရာသီတွင် တယ်လ်ကို ပေါင် ၄၅.၇ သန်း (ယူရို ၅၅ သန်း) ဖြင့် အပြီးသတ် ခေါ်ယူခွင့် ရှိခဲ့သော်လည်း Bild ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်အသင်းဟာ ဘိုင်ယန်မြူးနစ်နှင့် ပိုမိုနည်းသော တန်ဖိုးဖြင့် ညှိနှိုင်းနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ သတင်းက တော့တင်ဟမ်ဟာ တယ်လ် ကို ဘိုင်ယန်မှ အပြီးသတ် ခေါ်ယူရန်အတွက် ယခုအခါ ယူရို ၃၅ သန်း (ပေါင် ၂၉.၇ သန်း) ပေးချေရတော့မယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလတွင် ပိုစတီကိုဂလူက တယ်လ်ဟာ တော့တင်ဟမ်အတွက် ပရီးမီးယားလိဂ်တွင် ရေရှည် သက်ရောက်မှုများ ဖန်တီးနိုင်မယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ "သူက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်" "သူနဲ့ တွေ့ဆုံတဲ့အခါ သူ့မှာ တစ်စုံတစ်ရာ ရှိနေတယ်ဆိုတာ သိလာပါလိမ့်မယ်။ သူ လုပ်ချင်တဲ့အရာကို သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အဝ ရှိပါတယ်"
"သူက ငယ်သေးပေမဲ့ ပရီးမီးယားလိဂ်ကို ကြံ့ခိုင်မှုအပိုင်းအရ ကိုင်တွယ်နိုင်တယ်" "သူက ဂိုးသွင်းတဲ့သူပါ သူ့ဘာသာ ကာကွယ်နိုင်တယ်၊ လိုအပ်တဲ့ မြန်နှုန်းလည်း ရှိတယ်။ ရာသီကုန်ပိုင်း အရှိန်မြှင့်တင်မှုနဲ့ အဲဒီနောက်ပိုင်းမှာ သူ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်မှာပါ" လို့ ပိုစတီကိုဂလူက ပြောကြားထားခဲ့ပါတယ်။