The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို လက်မှတ်ရေးထိုးလိုက်တဲ့ တော့တင်ဟမ်ပစ်မှတ် ဂစ်ဝှိုက်

အစောပိုင်းမှာ တော့တင်ဟမ်နဲ့အတူ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အလွန်နီးစပ်ခဲ့တဲ့ မော်ဂန်ဂစ်ဝှိုက်က နော်တင်ဟမ်ဖောရက်စ်ရဲ့သုံးနှစ်သက်တမ်းရှိစာချုပ်သစ်ကမ်းလှမ်းမှုကို သဘောတူလက်ခံကာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလအစောပိုင်းမှာ တော့တင်ဟမ်က အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အတွက် ဂစ်ဝှိုက်ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ ကို ပေးချေသွားဖို့ အဆင့်သင့်ဖြစ်နေခဲ့ပြီး ဆေးစစ်မှုပြုလုပ်ဖို့ပါ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမားအတွက် ချဉ်းကပ်မှုနဲ့ပတ်သက်လို့ နော်တင်ဟမ်ဖောရက်စ်က တော့တင်ဟမ်ကို ပရီးမီးယားလိဂ်ဆီ တင်ပြတိုင်တန်းဖို့ လုပ်ဆောင်လာခဲ့လို့ အပြောင်းအရွှေ့အတွက် လှုပ်ရှားမှုတွေ ဆိုင်းငံ့သွားခဲ့ပါတယ်။

အခုတော့ ကစားသမားနဲ့စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဆိုတဲ့ နော်တင်ဟမ်ဖောရက်စ်ရဲ့ကြေညာချက်တစ်ခုနဲ့အတူ အသက်-၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားက City Ground မှာပဲ ဆက်ရှိနေသွားပါလိမ့်မယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်မာရင်နာကစ်က “ ဂစ်ဝှိုက်ဆိုတာ ထူးရှယ်ကစားသမားတစ်ဦးပါ။ အရည်အချင်းရှိရုံသာမက စိတ်ဓါတ်နဲ့ စရိုက်လက္ခဏာကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဂစ်ဝှိုက်က အောင်နိုင်သူတစ်ဦး၊ အရည်အချင်းရှိသူတစ်ဦး၊ ရည်မှန်းချက်ကြီးမားပြီး မကြောက်ရွံ့တက်သူ၊ ဂုဏ်ယူရသူတစ်ဦးဖြစ်လို့ ဒီဘောလုံးအသင်းဖြစ်စေချင်တဲ့အရာရာတိုင်းကို ကိုယ်စားပြုပေးထားပါတယ်။

ကလပ်အသင်းအသီးသီးရဲ့စိတ်ဝင်စားမှုတွေ အများကြီးရှိခဲ့ပေမယ့် ကျွန်တော်တို့ကတော့ ဂစ်ဝှိုက်နဲ့အတူ အနာဂတ်ကိုတည်ဆောက်သွားဖို့အတွက်ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက ယှဉ်ပြိုင်နိုင်စွမ်းရှိရုံသာမက ရာသီတိုင်းမှာ တိုးတက်လာဦးမယ်ဆိုတာကိုလည်း အသင်းပရိသတ်တွေဆီ ကတိကဝတ်ပြုခဲ့ပါတယ်။ ဒီနေ့မှာဆိုရင်လည်း ဒီခရီးစဉ်အတွက် နောက်ထပ်အရေးပါတဲ့ ခြေလှမ်းတစ်ခု ချမှတ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

နော်တင်ဟမ်ဖောရက်စ်က ယမန်နှစ်ဘောလုံးရာသီ၊ ပရီမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၇ နေရာရရှိပြီး ယူရိုပါကွန်ဖရန့်လိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။