The network connection is lost.

Banner Image

ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေချိန်မှာ မြင့်မားတဲ့လုပ်ခလစာတောင်းဆိုလိုက်တဲ့ နယူးကာဆယ်စတား

လီဗာပူး နဲ့ အယ်လ်-ဟီလယ်တို့က စိတ်ဝင်စားနေချိန်မှာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်တစ်ယောက် အသင်းမှာဆက်နေဖို့ မြင့်မားတဲ့လုပ်ခလစာတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ နယူးကာဆယ်နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် အီဆက်ကို အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ လီဗာပူး နဲ့ အယ်လ်-ဟီလယ်အသင်းတို့က ဆွီဒင်သားကို စိတ်ဝင်စားနေပြီး တန်ကြေးမြင့်မြင့်ပေးချေဖို့ အသင့်ရှိနေကြပါတယ်။

နယူးကာဆယ်ဘက်က သူတို့စတားကို အသင်းမှာဆက်ထိန်းထားဖို့ ပြင်ဆင်နေပြီး ကစားသမားဘက်က မြင့်မားတဲ့လုပ်ခလစာတောင်းဆိုနေတယ်လို့ သိရပါတယ်။talkSPORT သတင်းဌာနရဲ့အဆိုအရ အီဆက်ဟာ စာချုပ်သစ်မှာ တစ်ပတ်လုပ်ခပေါင် ၃ သိန်းအထိ အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အီဆက် နဲ့ နယူးကာဆယ်တို့ကြား လက်ရှိစာချုပ်သက်တမ်းက ၂၀၂၈ မှာကုန်ဆုံးမှာဖြစ်ပါတယ်။ နယူးကာဆယ်နည်းပြ ဟိုဝီကလည်း အီဆက်ကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကစားသမားရဲ့အေးဂျင့်ကတော့ သူတို့တွေအနေနဲ့ အခြေအနေအားလုံးကို ဆန်းစစ်နေတယ်လို့ ပြောကြားခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ နယူးကာဆယ်ဟာ လာမယ့်တနင်္ဂနွေနေ့ စင်ကာပူမှာ အာဆင်နယ်နဲ့ခြေစမ်းမှာဖြစ်ပြီး အီဆက်တစ်ယောက်ပါဝင်လာမလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။