The network connection is lost.

Banner Image

လေဗာကူဆင်နည်းပြသစ်ဖြစ်လာဖို့ ရေးပန်းစားနေတဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြဟောင်း အန်ဂျီပိုစတီကိုဂလူဟာ အဲရစ်တန်ဟက်ကိုထုတ်ပယ်လိုက်တဲ့ လေဗာကူဆင်ကို ကိုင်တွယ်ဖို့နီးစပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး တစ်ချိန်တည်းမှာပဲ မော်ရင်ဟိုနဲ့လမ်းခွဲခဲ့တဲ့ ဖီနာဘာချီကိုရောက်ရှိဖို့လည်း အလားအလာရှိနေတယ်လို့သိရပါတယ်။ 

အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ လေဗာကူဆင်နဲ့ ဖီနာဘာချီ ၂ သင်းစလုံးဟာ ပိုစတီကိုဂလူကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ ပွဲအပြီးမှာပဲ တန်ဟက်ကိုရာထူးမှထုတ်ပယ်ခဲ့တာဖြစ်သလို၊ ဖီနာဘာချီကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ပြီးနောက် မော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ၂ သင်းစလုံးဟာ ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်အတွက် ယူရိုပါလိဂ်ဖလားဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပိုစတီကိုဂလူကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေကြောင်း ရိုမာနိုက အတည်ပြုထားပါတယ်။ ယူရိုပါလိဂ်ဖလားကိုဆွတ်ခူးရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၁၇ နေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့် ပိုစတီကိုဂလူဟာ တော့တင်ဟမ်ကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

ယခုနွေရာသီအတွင်း ပိုစတီကိုဂလူကို ဆော်ဒီပရိုလိဂ်ကလပ်တွေက ချဉ်းကပ်မှုဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် ဩစတြေးလျသားဟာ ဘယ်အသင်းကိုမှရွေးချယ်ခြင်းမရှိဘဲ အသင်းလက်မဲ့အဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။ ယခုအခါမှာတော့ လေဗာကူဆင်နဲ့ ဖီနာဘာချီတို့ရဲ့ချဉ်းကပ်မှုတွေအကြား ပိုစတီကိုဂလူအနေနဲ့ ဂျာမနီမြေ သို့မဟုတ် တူရကီမြေကို ရွေးချယ်သွားမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ ကျင်းပနေတာဖြစ်လို့ ပိုစတီကိုဂလူအနေနဲ့ လေဗာကူဆင်နည်းပြဖြစ်လာမလား၊ တူရကီကိုပဲထွက်ခွာသွားမလား ဆုံးဖြတ်ချက်ချဖို့ အချိန်ကောင်းကောင်းရနေပါတယ်။