The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ ဘင်ဖီကာနည်းပြ

ချဲလ်ဆီးတို့ဟာ ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် အသင့်အနေအထားတွင် ရှိနေခဲ့ပြီး ရိစ် ဂျိမ်းစ်က ပွဲကစားချိန် ၆၄ မိနစ်တွင် အနာတိုလီ ထရူဘင်ကို ကျော်ဖြတ်ကာ လှပတဲ့ ဖရီးကစ်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ကွင်းအနီးအနားတွင် မိုးကြိုးပစ်မှုကြောင့် ပွဲကို ရပ်နားခဲ့ရပါတယ်။

သို့သော် ဘင်ဖီကာတိုက်စစ်မှူး ဂျီယန်လူကာ ပရက်စ်တီယာနီ ဒုတိယမြောက် အဝါကတ်ဖြင့် အထုတ်ခံရပြီး မကြာမီ အချိန်ပိုတွင် အန်ချယ် ဒီမာရီယာက ပင်နယ်တီဧရိယာမှ အေးဆေးစွာ ကန်သွင်းပြီး ၁၆ သင်းအဆင့်ပွဲစဉ်ကို သရေဖြစ်စေခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားရှိ Bank of America အားကစားကွင်းတွင် ချဲလ်ဆီးတို့က အချိန်ပိုတွင် ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ခရစ္စတိုဖာ အန်ကွန်ကူ၊ ပက်ဒရို နီတို နှင့် ကီယာနန် ဒူးစ်ဘူရီဟောလ်တို့ သုံးဦးစလုံး ဂိုးသွင်းယူကာ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာရဲ့ အသင်းဟာ လာမယ့်ရက်သတ္တပတ် ဆီမီးဖိုင်နယ်တွင် နေရာတစ်နေရာရရှိရန် ဘရာဇီးကလပ် ပယ်လ်မီးယက်စ်နှင့် ရင်ဆိုင်ဖို့ ဖီလာဒဲလ်ဖီးယားသို့ ပြန်သွားရမှာ ြဖ်စပါတယ်။

"ပွဲတစ်ပွဲလုံးကို ကြည့်လိုက်ရင် အများကြီးဖြစ်ပျက်ခဲ့ပြီး လက်ခံဖို့ ခက်ပါတယ်" လို့ ဘင်ဖီကာနည်းပြ လိတ်ဂျ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ "ဘင်ဖီကာမှာ အလုပ်လုပ်တဲ့အခါ ဒီပြိုင်ပွဲတွေဆီကို ကြီးမားတဲ့ ရည်မှန်းချက်နဲ့ လာရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပထမဆုံးပန်းတိုင်က ပထမအဆင့်ကို ကျော်ဖြတ်ဖို့ပါပဲ"

"အဲဒီနောက်မှာ ဘာမဆိုဖြစ်နိုင်ပြီး ၅၀-၅၀ ပါပဲ။ ကျွန်တော်တို့မှာ ကျော်ဖြတ်ဖို့ အခွင့်အရေး ကောင်းကောင်းရှိခဲ့ပါတယ်" လို့ သူက ထပ်လောင်းပြောကြားပါတယ်။ လိတ်ဂျ်က စနေနေ့ ၁၆ သင်းအဆင့်ပွဲမတိုင်မီက ချဲလ်ဆီးရဲ့ အဓိကလက်နက်များထဲမှ တစ်ဦးအဖြစ် ပေါ်တူဂီလက်ရွေးစင် ပက်ဒရို နီတိုကို ချီးကျူးပြောဆိုခဲ့ပြီး ယခုတစ်ဖန် ပြန်လည်ချီးကျူးခဲ့ပါတယ်။

"ကျွန်တော်တို့ ကောင်းမွန်တဲ့အသင်းနဲ့ ကစားနေတယ်ဆိုတာ နားလည်ရပါမယ်။ ပက်ဒရို နီတိုက တစ်ဦးချင်း အလွန်အားကောင်းပါတယ်" "ကျွန်တော်တို့ ကိုယ့်ပွဲကိုကိုယ် ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ တိုက်စစ်ပိုင်းမှာ ပိုကောင်းအောင် လုပ်နိုင်ခဲ့ပေမယ့်၊ အချိန်ကြာလာတာနဲ့အမျှ အသင်းက တိုးတက်လာပြီး ကွင်းထဲက ကစားသမားတွေက ကျွန်တော်တို့ကို မတူညီတဲ့ စွမ်းအင်တွေ ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။

လိတ်ဂျ်က ယူရိုပါ ကွန်ဖရန့်စ်လိဂ် ချန်ပီယံများနှင့် ရင်ဆိုင်ရတဲ့ "ခက်ခဲသော" အခြေအနေများတွင် အသင်းရှိ ကစားသမားတွေရဲ့ ရင်ဆိုင်ဖြေရှင်းခဲ့ပုံကို ချီးကျူးခဲ့ပါတယ်။ "ကျွန်တော်တို့ အချိန်ပိုအထိ ပွဲကို ဆွဲယူနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးနဲ့ ကစားသမားထုတ်ခံရမှုတွေနဲ့ဆိုတော့ ကြီးမားတဲ့အသင်းနဲ့ ကစားရတာ အရမ်းခက်ခဲပါတယ်"

"ဒီလိုအခြေအနေမျိုးမှာ ကစားရတာ ခက်ခဲပါတယ်။ ၁၀ ယောက်တည်းနဲ့ မိနစ် ၃၀ ကျော် ကစားရတာ အရမ်းခက်ခဲပါတယ်" "ဒါပေမဲ့ ဒီလိုဖြစ်ခဲ့တာတောင် အချိန်ပိုရဲ့ ပထမဆုံး ၁၅ မိနစ်မှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းလို့ ထင်ပါတယ်" "ကျွန်တော်တို့မှာ အနည်းဆုံး ကောင်းမွန်တဲ့ အခွင့်အရေး လေးခု ဂိုးသွင်းနိုင်တဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှု လေးခု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂-၁ ဂိုး ဖြစ်ပြီးနောက် ပွဲက ပြီးသွားပါပြီ" လို့ သူက ပြောပါတယ်။

ပွဲပြီးခါနီး မီဒီယာများနှင့် တွေ့ဆုံရာ၌ ဒေါသထွက်နေတဲ့ မာရက်စ်ကာက သူ့အသင်းက ပုံမှန်ပွဲကစားအချိန် ပြီးခါနီးတွင် ဂိုးအနည်းငယ်ဖြင့် ဦးဆောင်နေချိန် ပွဲကို ရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းကို "နောက်ပြောင်မှု" လို့ ဝေဖန်ခဲ့ပါတယ်။ "၈၅ မိနစ်လုံး ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ထားခဲ့ပါတယ်။ ဘာမှ ပေးခဲ့ရတာမရှိဘူး၊ ပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးတော့ အနားပေးပြီးနောက်မှာ ပွဲက လုံးဝပြောင်းလဲသွားတယ်"

"ကျွန်တော့်အတွက်တော့ ဒါ ဘောလုံးမဟုတ်ဘူး။ နှစ်နာရီကြာအောင် အတွင်းမှာ မနေနိုင်ဘူး။ ဒါက လုံးဝ အသစ်အဆန်းတစ်ခုပါ" "လုံခြုံရေးအရ ပွဲကို ရပ်နားရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ခြောက်ပွဲ၊ ခုနစ်ပွဲလောက် ရပ်နားရမယ်ဆိုရင် ဒီပြိုင်ပွဲကို ဒီနေရာမှာ လုပ်ဖို့ မသင့်တော်ဘူးလို့ ဆိုလိုတာပါ" လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ အီတလီလူမျိုး နည်းပြက "ဒါက အံ့မခန်းပြိုင်ပွဲပါ။ ကလပ်ကမ္ဘာ့ဖလားက ထိပ်တန်းပါပဲ၊ နောက်ဆုံး ရှစ်သင်းထဲ ပါဝင်ခွင့်ရလို့ ကျွန်တော်တို့ ပျော်ပါတယ်" "ပွဲကို ရပ်နားတာက ပုံမှန်မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာ ပွဲ ဘယ်နှစ်ပွဲလောက် ရပ်နားခဲ့လဲ။ သုညလောက်ပဲ ဖြစ်လိမ့်မယ်။ ဥရောပမှာ ဘယ်နှစ်ပွဲလဲ။ သုညပါပဲ" လို့ ပြောပါတယ်။