The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာကြောင့် ၆ ပတ် ထပ်နားရမယ့် ကိုးလ်ပယ်လ်မာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာက ကြယ်ပွင့်ကစားသမား ကိုးလ်ပယ်မာဟာ ပေါင်ခြံဒဏ်ရာကြောင့် နောက်ထပ် ခြောက်ပတ် ထပ်မံအနားယူရမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်လာမယ်လို့မျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာကမျှော်မှန်းထားတာထက် ပိုပြီးပြင်းထန်နေပါတယ်။

သောကြာနေ့မှာ မာရက်စကာက"ကံမကောင်းစွာပဲ ကျွန်တော်မှားသွားပါတယ်။ သူက နောက်ထပ် ၆ ပတ်လောက်အနားယူရပါမယ်။ ကျွန်တော်တို့က ကိုးလ်ကို အတတ်နိုင်ဆုံးကာကွယ်ဖို့ကြိုးစားနေပါတယ်။ အရေးကြီးဆုံးကတော့ သူပြန်လာတဲ့အခါမှာ အပြည့်အဝကြံ့ခိုင်မှုရှိဖို့ပါပဲ။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက မှော်ဆရာတွေမဟုတ်ပါဘူး - ဒါက ကျွန်တော်တို့အပတ်စဉ်စောင့်ကြည့်ရမယ့်ကိစ္စပါ"လို့ပြောပါတယ်။

ပယ်လ်မာဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ကစားခဲ့ခြင်းမရှိပါဘူး။ မာရက်စကာက ပယ်လ်မာဟာ အလွန်အရေးကြီးတဲ့ကစားသမား ဖြစ်ပြီး သူ့ကိုအစားထိုးဖို့က ခက်ခဲတယ်လို့ဝန်ခံခဲ့ပါတယ်။ မာရက်စ်ကာ"သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ ကျွန်တော်တို့မှာ ကိုးလ်လိုကစားသမားမျိုးမရှိပါဘူး။ သူကထူးခြားပါတယ်"လို့ ပြောခဲ့ပါတယ်။