The network connection is lost.

Banner Image

ဘရာဇီးတိုက်စစ်မှူးရဲ့ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ဇာဗီရဲ့ အမှား ကို ဝေဖန်လိုက်တဲ့ ဒေကို

ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကို က ဘရာဇီးတိုက်စစ်မှူး ဗစ်တာ ရော့ခ် ကလပ်တွင် ခြေစွမ်းမပြနိုင်ခဲ့ရခြင်းမှာ နည်းပြဟောင်း ဇာဗီ က ဘရာဇီးကစားသမားကို ခေါ်ယူရန် အလျင်စလိုလုပ်ဆောင်ရန် တောင်းဆိုခဲ့တာကြောင့်ဖြစ်တယ်လို့၏ ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာက နည်းပြဟောင်း ဇာဗီ ရဲ့ ရော့ခ် ကို ကလပ်သို့ ခေါ်ယူရန် အလျင်စလို လုပ်ဆောင်မှုကြောင့် ကစားသမားရဲ့ကလပ်ရှိ အချိန်တွေဟာ မအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ကွင်းလယ်လူဟောင်း ဒေကိုဟာ တိုက်စစ်မှူးကို ၂၀၂၄ ခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် အက်သလက်တီကို ပါရာနန်ဆီ မှ ခေါ်ယူချင်ခဲ့သော်လည်း ဇာဗီ က ကစားသမားကို လအနည်းငယ်စောပြီး ရောက်ရှိရန် အကြံပြုခဲ့ပါတယ်။

ရော့ခ် ဟာ ဘာစီလိုနာတွင် ကောင်းမွန်သော အချိန်ကို မပိုင်ဆိုင်ခဲ့ရဘဲ လေ့ကျင့်ခန်းများအတွင်း၌ပင် ပြိုလဲခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပါတဘ်။ နောက်ဆုံးတွင် ရောဘတ် လီဝန်ဒေါ့စကီးရဲ့ ဆက်ခံသူအဖြစ် ခေါ်ယူခဲ့သော်လည်း ဘာစီလိုနာအတွက် ၁၆ ပွဲသာ ကစားခဲ့ပြီး နှစ်ဂိုးသွင်းယူကာ အချိန်အများစုကို ရီးရဲလ်ဘက်တစ်စ် သို့ အငှားဖြင့် သွားရောက် ကစားခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် သူဟာ ဘရာဇီးကလပ် ပါလ်မီးယက်စ် သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒေကို က Globoesporte သို့ "သူက ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးကို ခေါ်ဖို့ တောင်းဆိုခဲ့တာပါ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ နည်းပြရဲ့ အမြင်ကို အမြဲ ထည့်သွင်းစဉ်းစားပါတယ်။ ဒါကြောင့် ဗစ်တာရဲ့ လိုက်လျောညီထွေဖြစ်မှုကို စောစီးစွာ ဆောင်ရွက်ခဲ့တာပါ၊ အဲဒါက နွေရာသီမှာ ဖြစ်သင့်တာပါ။ အဲဒါက အမှားတစ်ခုပါ၊ ဘာစီလိုနာက အများကြီး တောင်းဆိုပြီး သူတို့ သတင်းမီဒီယာတွေ ပြောတာကို အရမ်း စိုးရိမ်ခဲ့ကြပါတယ်" လို့ ပြောပါတယ်။

"သူ့ရဲ့ ပထမခြောက်လက မကောင်းခဲ့ပါဘူး။လိုက်လျောညီထွေဖြစ်မှုပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် သူ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို နည်းပြအဖွဲ့နဲ့ ကလပ်က လုံလောက်စွာ မခွဲခြားနိုင်ခဲ့ဘူးလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ကျွန်တော်တို့ သူ့ကို လုပ်သင့်သလောက် မကူညီနိုင်ခဲ့ပါဘူး" လို့ သူက ထပ်လောင်းပြောကြားထားပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီက ပြည်တွင်းဖလားသုံးလုံး ကို ဆွတ်ခူးခဲ့ပြီး လာမည့်ရာသီတွင်လည်း ဟန်စီ ဖလစ်ခ် လက်အောက်တွင် တိုးတက်မှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။