The network connection is lost.

Banner Image

တန်ကြေးနဲ့ပတ်သက်ပြီး ဖိအားမရှိကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ လီဗာပူးစတား

လီဗာပူးအသင်းတိုက်စစ်မှူး အက်ကီတီကီက သူ့အနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဖိအားမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်သားဟာ အန်ဖီးလ်မြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး မှန်ကန်တဲ့ရွေးချယ်မှု လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အက်ကီတီကီကို လီဗာပူးအသင်းက မခေါ်ယူခင် နယူးကာဆယ်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် လီဗာပူးအသင်းက ဖရန့်ဖတ်တောင်းဆိုတဲ့တန်ကြေးအတိုင်းပေးချေကာ ခေါ်ယူနိုင်ခဲ့ပါတယ်။ အက်ကီတီကီဟာ လီဗာပူးအသင်းအတွက် ၇ ပွဲမှာ ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ လီဗာပူးစတားက တန်ကြေးနဲ့ပတ်သက်ပြီး “ကျွန်တော် အဲ့တာတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်ပွဲအပေါ်မှာပဲ အာရုံစိုက်ထားတာပါ။ အပြင်ဘက်မှာ လူတိုင်းက တန်ကြေးအကြောင်းပြောကြပါတယ်။

အဲ့တာက ဖြစ်တတ်ပါတယ်။ ဘောလုံးမှာက ပြောင်းလဲမှုတွေများပါတယ်။ နယူးကာဆယ်ကိုမရွေးတာက ကျွန်တော့်ရွေးချယ်မှုပါ။ ကျွန်တော် လိုချင်တာကြောင့်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီကိုပြောင်းလာခဲ့ပြီးနောက် လူမှန်နေရာမှန်ကိုရောက်လာသလို ခံစားရပါတယ်။ ကျွန်တော် ထိပ်တန်းအဆင့်ပြန်သွားချင်ပါတယ်။ နေရာစုံကနေ ကျွန်တော်ပိုအဆင်သင့်ဖြစ်ချင်ပါတယ်။ ကျွန်တော် အမှားလုပ်ခဲ့တယ်လို့ မထင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

အက်ကီတီကီဟာ ပီအက်စ်ဂျီမှာကစားခဲ့သေးတာဖြစ်ပြီး ၃၃ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ “ယေဘုယျအားဖြင့် အပြင်ဘက်ကနေကြည့်ရင် အဲ့တာက အံ့ဖွယ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မအံ့သြပါဘူး။ ကျွန်တော့်ရဲ့ပြီးခဲ့တဲ့နှစ်က အချက်အလက်ကိုကြည့်နိုင်ပါတယ်။ ကျွန်တော် အသင်းကောင်းတစ်သင်းကိုရောက်လာတာဖြစ်ပြီး အဲ့တာကပဲပိုကောင်းလာစေတာပါ။ ကျွန်တော် တည်ငြိမ်မှုရှိတဲ့ကစားသမားတစ်ဦးဖြစ်ချင်ပါတယ်”လို့ ပြင်သစ်သားက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အက်ကီတီကီဟာ လီဗာပူးအသင်းကို ကူညီပေးနေပြီး ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာလည်း ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။