The network connection is lost.

Banner Image

တတိယမြောက်ဒဏ်ရာရကစားသမားရှိလာတဲ့ ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးကွင်းလယ်လူ အက်ဆူဂိုတစ်ယောက် လာမယ့် ၂၀၂၆ မတိုင်ခင်အထိ နားရတော့မယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ မကြာသေးခင်ကပဲ ကိုဝဲလ်ကို အရွတ်ကြောဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ဒီလပ်ကိုလည်း တံကောက်ကြောဒဏ်ရာကြောင့် ၁၀ ပတ်လက်လွှတ်ထားခဲ့ရပါတယ်။

အခုချိန်မှာလည်း အက်ဆူဂိုတစ်ယောက် ပေါင်ဒဏ်ရာကြောင့် ထပ်မံနားရတော့မှာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနကတော့ အက်ဆူဂိုဟာ ပေါင်ဒဏ်ရာကိုခွဲစိတ်ရမှာဖြစ်ပြီး ၁၂ ပတ်လောက်နားရနိုင်တယ်လို့ သိရပါတယ်။ ဆိုလိုတာက အသက် ၂၀ အရွယ်ကစားသမားဟာ လာမယ့် ၂၀၂၆ မတိုင်ခင်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

နွေရာသီချဲလ်ဆီးအသင်းထံပြောင်းလာပြီးကတည်းက အက်ဆူဂိုဟာ ၃ ပွဲပါဝင်ကစားပေးထားပြီး ပေါ်တူဂီယူ - ၂၁ အသင်းအတွက် ပါဝင်ကစားပေးရင်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

“ကံမကောင်းစွာနဲ့ နိုင်ငံအသင်းအတွက်ကစားပေးရင်း ပေါင်ဒဏ်ရာရခဲ့ပါတယ်။ ရာသီအစမှာ အခုလိုမျိုးဖြစ်တာက စိတ်ပျက်စရာပါ။ ဒါပေမယ့် အကြောင်းပြချက်တစ်ခုအတွက် အရာအားလုံးဖြစ်နိုင်တယ်လို့ ကျွန်တော် အကြွင်းမဲ့ယုံကြည်ပါတယ်။ ကျွန်တော် အသန်မာဆုံးပြန်လာပါမယ်”လို့ အက်ဆူဂိုက အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ အက်ဆူဂိုကို ကိုင်စီဒိုအရန်အဖြစ်ခေါ်ယူခဲ့တာဖြစ်ပြီး ကွင်းလယ်ခံစစ်အပြင် နံပတ် ၈ နေရာမှာပါ ကစားနိုင်တာဖြစ်ပါတယ်။ အက်ဆူဂိုဟာ စပို့တင်းမှာ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ကစားခဲ့ဖူးတာဖြစ်ပြီး ၂၀၂၁ မှာ စပို့တင်းရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီး နဲ့ အက်ဆူဂိုတို့ကြား စာချုပ်သက်တမ်းက ၂၀၃၃ မတိုင်အထိ ရှိနေပါတယ်။ 

“အရာအားလုံးက အရမ်းကောင်းပါတယ်။ အဲ့တာက မတူညီတဲ့အတွေ့အကြုံရစေပါတယ်။ ပတ်ဝန်းကျင် နဲ့ အသင်းဖော်အသစ်တွေကလည်း အများကြီးကူညီပေးပါတယ်။ ကျွန်တော် နည်းပြ ၊ ကစားသမား ၊ ကွင်းလယ်လူတွေဆီကနေ သင်ယူပါမယ်။ အဲ့တာက မတူညီတဲ့အဆင့်တွေပါ။ မာရက်စ်ကာက အခြားနည်းပြတွေနဲ့မတူညီတဲ့နည်းပြဖြစ်သလို ကစားသမားတွေကလည်း အံ့ဖွယ်ကောင်းပါတယ်။ ကျွန်တော် နည်းပြလိုချင်သလို ကစားနိုင်ဖို့ အမြဲတမ်းကြိုးစားပါတယ်”လို့ အက်ဆူဂိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။