The network connection is lost.

Banner Image

ဘာစီလိုနာမှာ တိုးတက်လာစေဖို့ လမိုင်းယာမယ်လ်လိုအပ်နေတဲ့အရာကို အကြံပြုပြောပြလိုက်တဲ့ ဆွာရက်ဇ်

ဘာစီလိုနာတိုက်စစ်မှူးဟောင်းလူးဝစ်ဆွာရက်ဇ်က ကတ္တလန်ဒေသခံကလပ်အတွက် အဓိကခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ် လမိုင်းယာမယ်လ်ကို မြင်တွေ့နေရလို့ ဝမ်းမြောက်ကျေနပ်နေပြီး ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ သူ့ရဲ့ထင်မြင်ယူဆချက်ကိုလည်း ထုတ်ပြောလာပါတယ်။ ယာမယ်လ်က အသက်-၁၈ နှစ်တောင် မပြည့်သေးပေမယ့် ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူက ဘာစီလိုနာရဲ့ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အောင်မြင်မှုတွေမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ဒီနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာလိမ့်မယ်လို့ ရေပန်းစားနေပါတယ်။ ဆွာရက်ဇ်ကိုယ်တိုင်လည်း ယာမယ်လ်ရဲ့တိုးတက်လာမှုကို မြင်တွေ့ရလို့ ပျော်ရွှင်ကျေနပ်နေပြီး ဒီထက်မက တိုးတက်လာချင်တယ်ဆိုရင် ဘောလုံးကို ရိုးရိုးရှင်းရှင်းသာကစားသွားဖို့ အကြံပြုပါတယ်။

DAZN နဲ့ တွေ့ဆုံချိန် ဆွာရက်ဇ်က “ ယာမယ်လ်ဆိုတာ အခြားကစားသမားတွေနဲ့ယှဉ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ တည်ငြိမ်ရင့်ကျက်မှုကို ပြသထားနိုင်သူတစ်ဦးပါ။ သူက အသက်-၁၇ နှစ်အရွယ်မှာပဲ ကောင်းမွန်တဲ့တည်ငြိမ်ရင့်ကျက်မှုကို ပြသထားပါတယ်။ အရေးကြီးပွဲစဉ်တွေအတွက် ယာမယ်လ်ပါဝင်ကစားနေရပြီး ဘာစီလိုနာပရိသတ်တစ်ဦးအဖြစ် သူ့ကိုယ်သူ စိန်ခေါ်ထားတာလည်း ရှိပါတယ်။ သူ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ဆက်လက်တိုးတက်လာဖို့ဆိုရင်တော့ အတွေ့အကြုံတွေ ဆက်လက်ရှာဖွေရင်း မိမိကိုယ်ကို ကျေနပ်အားရနေဖို့ လိုအပ်ပါတယ်။ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့လိုပဲ သူ့ဆီမှာ သင်ယူလေ့လာရဦးမယ့် ကိစ္စတွေ ရှိနေသေးပါတယ်။ သူက ခေတ်တစ်ခုရဲ့ အမှတ်အသားဖြစ်နေပြီး ကြီးမားတဲ့ကွာခြားမှုတစ်ခုကိုလည်း ပြုလုပ်နေပါတယ်”လို့ ပြောပါတယ်။

ဆွာရက်ဇ်က ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ အယ်လ်ဘာ၊ ဘတ်စ်ကွက်ဇ်တို့နဲ့အတူ အင်တာမီယာမီအသင်းမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။