
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်အခြေအနေကို ဝန်ခံပြောကြားလာတဲ့ အာမိုရင်
ဝက်စ်ဟမ်းနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြ အာမိုရင်က အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ သူ့ဒေါသကို မထိန်းနိုင်ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အာမိုရင်က ဖာနန်ဒက်စ်အနေနဲ့ ကွင်းထဲမှာ ဘယ်လိုပြုမူရမလဲဆိုတာကို အကြံပေးလိုက်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဖာနန်ဒက်စ်ဟာ အသင်းဖော်သစ် ကန်ဟာနဲ့တွဲဖက်ပြီး ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်ကစားခဲ့ပါတယ်။ ယူနိုက်တက်အသင်းခေါင်းဆောင်က ပွဲကစားချိန် ၅ မိနစ်မှာ ပင်နယ်တီကနေ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။
အဲ့နောက် ပထမပိုင်းမပြီးခင်မှာ ဒုတိယဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး ဝက်စ်ဟမ်းအတွက် ချေပဂိုးကို ဘိုဝင်က သွင်းယူပေးခဲ့ပါတယ်။ ခြေစမ်းပွဲမှာ ဟီးရိုးဖြစ်ခဲ့ပေမယ့် အာမိုရင်က တစ်ချို့အချိန်တွေမှာ ဖာနန်ဒက်စ်တစ်ယောက် ကွင်းထဲမှာ ဒေါသကို မထိန်းနိုင်ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရာသီတုန်းက အရမ်းရှင်းလင်းခဲ့ပါတယ်။ ခင်ဗျားဂိုးတွေ နဲ့ ဖန်တီးမှုတွေကို မြင်နိုင်ပါတယ်။ သူက အခြားကစားသမားတွေထက် ပိုသာလွန်ခဲ့သလို အသင်းကိုလည်း ဦးဆောင်ကာ ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့တာက ကောင်းတဲ့အရာပါ။ သူက ကျွန်တော်တို့အသင်းခေါင်းဆောင်ဖြစ်သလို အရမ်းအရေးပါတဲ့သူပါ။ ကွင်းတွင်းတင်မဟုတ်ပဲ ကွင်းပြင်ပမှာပါ အရေးပါတဲ့သူပါ။
သူက အလုပ်အရမ်းကြိုးစားသလို အမြဲတမ်းလည်း အဆင်သင့်ဖြစ်နေပါတယ်။ တစ်ချို့အချိန်တွေမှာ သူနာကျင်မှုနဲ့ ကစားရပါတယ်။ တစ်ချို့အချိန်တွေမှာတော့ သူစိတ်ပျက်တတ်ပြီး အဲ့တာက အလုပ်အပေါ်အာရုံစိုက်တာ လျော့နည်းစေပါတယ်။ တစ်ချို့အချိန်တွေမှာ သူအသင်းဖော်တွေကိုအများကြီးကူညီချင်ပါတယ်။ အဲ့တာက အကောင်းဆုံးအရာမဟုတ်ပေမယ့် ဘရူနိုအပါအဝင် အားလုံးက သူတို့အလုပ်သူတို့လုပ်ကြပါတယ်”လို့ အသက် ၄၀ အရွယ်နည်းပြက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မှာ ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲအဖြစ် ဘုန်းမောက်နဲ့ကစားမှာဖြစ်ပါတယ်။