The network connection is lost.

Banner Image

ဘာစီလိုနာစတားဟာ သူ့နေရာမှာအကောင်းဆုံးကစားသမားဖြစ်တယ်လို့ မာတီနက်ဇ် ချီးကျူး

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က ဘာစီလိုနာစတား ယာမဲလ်ဟာ သူ့နေရာမှာအကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပေမယ့် ပေါ်တူဂီစတား ၂ ဦးက ဘော်လွန်းဒီအော်ဆုအတွက် သူ့အထက်မှာရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ တောက်ပတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီနည်းပြကတော့ ဗီတင်ဟာ နဲ့ နူနိုမန်ဒက်စ်တို့ဟာ ဘော်လွန်းဒီအော်ဆုအတွက် သူ့အထက်မှာရှိနေတယ်လို့ ယုံကြည်နေပါတယ်။ဘာစီလိုနာနဲ့အတူ သမိုင်းဝင်ရာသီတစ်ခုကိုဖြတ်သန်းနိုင်ခဲ့ပြီးနောက်  ယာမဲလ်ဟာ ဘော်လွန်းဒီအော်ဆုရရှိဖို့ ရေပန်းစားလာခဲ့ပါတယ်။ အသက် ၁၇ နှစ်သားဟာ ဘာစီလိုနာကိုဖလား ၃ လုံးချန်ပီယံဖြစ်အောင်ကူညီပေးခဲ့သလို ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ ၆၂ ပွဲမှာ ၂၁ ဂိုးသွင်း ၊ ၂၅ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စပိန်အသင်းကိုလည်း နေးရှင်းလိဂ်ဖိုင်နယ်ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပွဲကြီးအတွင်း သူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကြောင့် ကစားသမားတွေကြားမှာကော နည်းပြတွေကြားမှာပါ ဘော်လွန်းဒီအော်ဆုချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဗီတင်ဟာ နဲ့ နူနိုမန်ဒက်စ်တို့က ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ကြပါတယ်။

ဘယ်နောက်ခံကစားသမား မန်ဒက်စ်ကတော့ နိုင်ငံအသင်းအဆင့်မှာပါ တောက်ပခဲ့ပြီး နေးရှင်းလိဂ်ဖိုင်နယ်ရဲ့အကောင်းဆုံးကစားသာမးဆုကိုရရှိခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ မာတီနက်ဇ်က “ကျွန်တော် သူ့ကိုဘယ်လိုချီးကျုးရမလဲမသိပါဘူး။ သူက သူ့နေရာမှာ အကောင်းဆုံးကစားသမားဖြစ်သလို တည်ငြိမ်မှုလည်းရှိပါတယ်။ သူ့နေရာမှာ သူ့လောက်ကောင်းတဲ့ကစားသမားမျိုးမရှိသေးပါဘူး။ ကျွန်တော်တို့ သူ့ကိုကူညီပေးရပါမယ်။ ဘော်လွန်းဒီအော်ဆုအတွက်တော့ ဗီတင်ဟာ နဲ့ မန်ဒက်စ်တို့က သူ့အထက်မှာရှိနေပါတယ်။ ကလပ်အသင်းမှာအပြင် သူတို့ပုံရိပ်ကြောင့်ပါ။ နူနိုက ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးဘယ်နောက်ခံလူပါ။ သူက အပြင်ဘက်မှာကော အတွင်းထဲမှာပါကစားနိုင်ပါတယ်။ အရမ်းလျင်မြန်သလို ကောင်းမွန်တဲ့ပေးပို့မှုတွေလည်း လုပ်နိုင်ပါတယ်။ သူ့လောက်ပြီးပြည့်စုံကစားသမားမရှိသေးပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

ဗီတင်ဟာ နဲ့ မန်ဒက်စ်အပြင် ဘော်လွန်းဒီအော်ဆုအတွက် ပီအက်စ်ဂျီအသင်းဖော် ဒမ်ဘီလီက ထိပ်ဆုံးက ဦးဆောင်နေသလို ကလပ်ကမ္ဘာ့ဖလားရယူနိုင်မယ့်အခွင့်အရေးလည်းရှိနေပါတယ်။ လာမယ့်ဇွန်လ ၁၅ ရက်နေ့မှာ ပီအက်စ်ဂျီဟာ တီကိုအသင်းနဲ့ ပထမဆုံးပွဲစတင်ကန်ရမှာဖြစ်ပါတယ်။