The network connection is lost.

Banner Image

ယောကရက်စ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးခဲ့ဖူးကြောင်း ပြောကြားလိုက်တဲ့ ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗား

အာဆင်နယ်ဟာ ဗစ်တာယောကရက်စ် ကို ခေါ်ယူနိုင်ခဲ့ခြင်းဖြင့် အချိန်ကြာမြင့်စွာ ဆွဲဆန့်လာခဲ့တဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် နည်းပြသစ်တစ်ဦးက သူ့အသင်းလည်း တိုက်စစ်မှူးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗား ဟာ အာဆင်နယ် တိုက်စစ်မှူးသစ် ဗစ်တာ ယောကရက်စ်ကို ပရီးမီးယားလိဂ်ကလပ်တွေက အရင်က လျစ်လျူရှုထားခဲ့တယ်ဆိုတဲ့ အဆိုကို ပယ်ချလိုက်ပါတယ်။ ပေါ်တူဂီနည်းပြဟာ ဆွီဒင်တိုက်စစ်မှူး စပို့တင်းကို မပြောင်းခင် တစ်နှစ်အလိုကတည်းက သူ့အသင်းဟာ ရောကရက်စ်ရဲ့ ကိုယ်စားလှယ်နဲ့ ခရာဗန် ကော့တေ့ချ် သို့ ပြောင်းရွှေ့ဖို့ စကားပြောခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လစ္စဘွန်းမှာ နှစ်နှစ်ကြာ ခြေစွမ်းပြခဲ့တဲ့ ယောကရက်စ်ကို စပို့တင်းကနေ ပေါင် ၆၃.၇ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ၁၀၂ ပွဲမှာ ၉၇ ဂိုး သွင်းယူခဲ့ပြီး နည်းပြ မီကေလ် အာတီတာက သူ့ရဲ့ တိုက်စစ်မှူးအသစ်ကို ထူးချွန်သူအဖြစ် ဖော်ပြခဲ့ပါတယ်။ အာတီတာက ယောကရက်စ်ဟာ ကလပ်ရဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ကြာမြင့်စွာ စောင့်ဆိုင်းနေရမှု ကို အဆုံးသတ်ဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ယောကရက်စ်ရဲ့ ခရီးလမ်းကတော့ မလွယ်ကူခဲ့ပါဘူး။ သူဟာ ဘရိုက်တန်ကနေ အကြိမ်ပေါင်းများစွာ အငှားချခံခဲ့ရပြီးနောက် ကိုဗင်ထရီစီးတီးမှာ ခြေစွမ်းပြခဲ့ပါတယ်။သို့သော်လည်း ဖူလ်ဟမ်နည်းပြ ဆေးလ်ဗားက ရောကရက်စ် ဥရောပရဲ့ အလိုအရှိဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးမဖြစ်လာခင်ကတည်းက ချန်ပီယံရှစ်မှာ သူရဲ့ ထူးချွန်တဲ့ အရည်အသွေးကို ပရီးမီးယားလိဂ်ကလပ်များစွာက သတိထားမိခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသတင်းဌာန A Bola က ဖော်ပြခဲ့တဲ့ Canal 11 နဲ့ အင်တာဗျူးမှာ ဆေးလ်ဗားက "ဘယ်သူမှ ရောကရက်စ်ကို သတိမထားမိဘူးဆိုတဲ့ ဇာတ်လမ်းက အဓိပ္ပာယ်မရှိပါဘူး။အင်္ဂလန်က ထိပ်တန်းကလပ်တွေက သူ့ကို သတိမထားမိခဲ့တာကတော့ ရှင်းပါတယ်။ ကစားသမားတစ်ဦးအတွက် ကိုဗင်ထရီကနေ အင်္ဂလန်က ထိပ်တန်းကလပ်တစ်ခုကို သွားဖို့က မလွယ်ပါဘူး၊ အဲဒီအချိန်က သူ ဒီပြောင်းရွှေ့မှုအတွက် အဆင်သင့်မဖြစ်သေးပါဘူး"

"အခုတော့ အင်္ဂလန်က အလယ်အလတ်တန်း ကလပ်တွေ အနေနဲ့ အားလုံးက သူ့ကို သတိထားမိခဲ့ကြပါတယ်။ ရောကရက်စ်ကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတချို့ ရှိခဲ့ပါတယ်၊ အနည်းဆုံးတော့ သူ ပိုပြီး ထူးချွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာပေါ့"

"ကျွန်တော် ယောကရက်စ်ရဲ့ ကိုယ်စားလှယ်နဲ့ တကယ်ပဲ စကားပြောခဲ့ပါတယ်၊ ဒါမှမဟုတ် ကလပ်က သူ့ကိုယ်စားလှယ်နဲ့ စကားပြောခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော်တို့မှာ မီထရိုဗစ် လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦးလည်း ရှိနေခဲ့ပြီး သူ့နေရာကို အစားထိုးဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ ရှင်းပါတယ်။ ကျွန်တော်တို့ သူ့ကို သတိထားမိခဲ့ပါတယ် သူသွင်းခဲ့တဲ့ ဂိုးတွေကြောင့်တင် မဟုတ်ပါဘူး နေရာလွတ်တွေနဲ့ဆို သူက ကြီးမားတဲ့ စွမ်းအားရှိတဲ့ ကစားသမားတစ်ဦးဆိုတာ သံသယဖြစ်စရာမလိုပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဖူလ်ဟမ်ဟာ ၂၀၂၁-၂၂ ရာသီမှာ အဆင့်တက်ခဲ့တဲ့အချိန်က ယောကရက်စ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုဗင်ထရီဟာ ဆေးလ်ဗားရဲ့ အသင်းကို နှစ်ကြိမ်စလုံး အနိုင်ရခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး တိုက်စစ်မှူးက နှစ်ပွဲပေါင်း သုံးဂိုးသွင်းယူခဲ့ကာ ဆေးလ်ဗားအပေါ် ရေရှည်စွဲမှတ်စေခဲ့ပါတယ်။ "ဂိုးသွင်းနိုင်စွမ်း ကောင်းမွန်နေပြီးသား ကစားသမားတစ်ဦးဟာ အဲဒီနောက်ပိုင်းမှာ ကျွန်တော့်အမြင်အရ သိသိသာသာ တိုးတက်လာခဲ့ပါတယ်" ဟု ဆေးလ်ဗားက ဆက်ပြောခဲ့ပါတယ်။

"အခုတော့ သူက အဲဒီအချိန်က ကိုဗင်ထရီ ကစားခဲ့ပုံကို ထည့်သွင်းစဉ်းစားရင်တောင် နေရာလွတ်တွေနဲ့ အပေါ်ကို တက်ကစားတဲ့ အသင်းတွေနဲ့ ကစားတဲ့အခါ ဗဟိုနောက်ခံလူနဲ့ ဘယ် ညာနောက်ခံလူကြားမှာ နေရာလွတ်တွေ ရှိတဲ့အခါမျိုး၊ အဲဒီလိုနေရာတွေကို သူ တိုက်စစ်ဆင်ရတာကိုလည်း ကြိုက်တဲ့သူပါ။ သူက သဘာဝအတိုင်း ကြီးမားတဲ့ ကွာခြားချက်ကို ဖန်တီးပေးနိုင်တဲ့ ကစားသမားတစ်ဦးပါပဲ"

"အဲဒီရာသီတုန်းက သူ ဖူလ်ဟမ်နဲ့ ကစားတဲ့အခါ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိလေ့ရှိပါတယ်။ အဲဒါက သူ့အတွက် ကျွန်တော်တို့နဲ့ ကစားဖို့ အသင့်တော်ဆုံးပွဲပါ" လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ဆေးလ်ဗားက သူ့ရဲ့ ဖူလ်ဟမ်အသင်းဟာ အာဆင်နယ် ဂျာစီနဲ့ ကစားမယ့် ရောကရက်စ်ကို ကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သူက ဆွီဒင်လက်ရွေးစင်ဟာ ဂန်နာတို့ရဲ့ လက်ရှိ ကစားဟန်ကို ဘယ်လိုအားဖြည့်ပေးမလဲ၊ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဘယ်လို အခွင့်အရေးတွေ ထပ်မံပေးနိုင်မလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။

"သူ အာဆင်နယ်မှာ ကစားမယ့် ကစားဟန်နဲ့ ကိုက်ညီမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကြီးမားတဲ့ ကလပ်ဖြစ်တာကို ဖယ်ထုတ်ထားရင်တောင် ချန်ပီယံဖလားအတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေအားလုံးထဲမှာ သူတို့ဟာ အခိုင်မာဆုံးနဲ့ အတည်ငြိမ်ဆုံး ခံစစ်ပိုင်းရှိတဲ့ အသင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သူတို့ဟာ ဘောလုံးမပိုင်ဆိုင်ချိန်မှာ၊ အောက်ကို ဆင်းကစားတဲ့အခါ ပိုပြီး စိတ်ပူစရာမလိုပါဘူး"

"သူတို့က အစောပိုင်း ဖိအားပေးကစားတဲ့နေရာမှာ အရမ်းအားကောင်းပါတယ်။ ဒါပေမဲ့ အဲဒါ အလုပ်မဖြစ်တော့ဘူးဆိုရင်တော့ သူတို့က လိုင်းနှစ်လိုင်း၊ လေးဦးစီနဲ့ ရှင်းရှင်းလင်းလင်း နောက်ဆုတ်ပြီး သူတို့ရဲ့ တိုက်စစ်ကွင်းလယ်လူနဲ့ တိုက်စစ်မှူးတို့ ကောင်းကောင်းပူးပေါင်းပြီး ကစားနိုင်ပါတယ်။ အဲဒီအချိန်မှာ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ ဒီလိုအချိန်မှာ ရောကရက်စ်က အရမ်းကို ကောင်းကောင်း ကိုက်ညီပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

သို့သော်လည်း ဆေးလ်ဗားက ယောကရက်စ် အာဆင်နယ်အတွက် တိုက်စစ်ကို ဦးဆောင်နေချိန်မှာ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုအသစ်တချို့ကိုလည်း ထောက်ပြခဲ့ပါတယ်။  "နေရာယူ တိုက်စစ်ဆင်တဲ့အခါ အာဆင်နယ်က ကွင်းထဲမှာ ရှင်းရှင်းလင်းလင်း ပိုမြင့်တဲ့နေရာမှာ ကစားတဲ့အခါ ပွဲရဲ့ အဲဒီအချိန်မှာ သူ ဘယ်လောက် ကောင်းကောင်း လိုက်လျောညီထွေဖြစ်လဲဆိုတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ အာဆင်နယ်မှာ တခြားကလပ်တွေမှာ သိပ်မတွေ့ရတဲ့ အရည်အသွေးနဲ့ စွမ်းရည်တွေ ရှိနေတဲ့အတွက် အဲဒီနေရာမှာတော့ သူ အရမ်းကောင်းကောင်း လိုက်လျောညီထွေဖြစ်ပါလိမ့်မယ်"

"ဒါက သက်ရောက်မှုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုတော့ ပေါ်တူဂီမှာ သူ လုပ်ခဲ့သလိုမျိုး သက်ရောက်မှုရှိမလားဆိုတာကိုတော့ ကျွန်တော်တို့ သေချာ ဂရုတစိုက် လေ့လာပြီး ဖြစ်မဖြစ်ကို ကြည့်ရပါလိမ့်မယ်" လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။