The network connection is lost.

Banner Image

နာပိုလီနဲ့အတူ ဂိုးသွင်းနိုင်ခဲ့လို့အရမ်းပျော်နေတဲ့ ယူနိုက်တက်စတားဟောင်း

ယူနိုက်တက်စတားဟောင်း ဟွိုက်လန်းတစ်ယောက် နာပိုလီအသင်းထံမပြောင်းခင် ကြီးမားတဲ့အသင်းလို့ ထုတ်ဖော်ပြောကြားခဲ့သလို ယူနိုက်တက်ကနေထွက်ခွာခွင့်ရပြီး နာပိုလီမှာ ဂိုးသွင်းနိုင်လို့  အရမ်းပျော်နေပါတယ်။ ဒိန်းမတ်သားဟာ နာပိုလီအသင်းထံ ကနဦးအငှား + ပေါင် ၃၈ သန်းအပြီးသတ်ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

နာပိုလီဟာ ဖီအိုရင်တီးနားနဲ့ပွဲမှာ ၃-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပြီး ဟွိုက်လန်းက ပွဲဦးထွက်ပွဲမှာ ပထမဆုံးဂိုးကို ပွဲကစားချိန် ၁၄ မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် နာပိုလီဟာ ဂျူဗင်တပ်စ်အသင်းရဲ့အထက်မှာ ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

“သွင်းဂိုးနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီနေ့နိုင်ပွဲက အရမ်းအရေးပါသလို အခုဆိုကျွန်တော်တို့ ပထမဆုံး ၃ ပွဲကိုအနိုင်ရရှိခဲ့ပါပြီ။ အခုလိုမျိုးဆက်နိုင်ပွဲရအောင်လုပ်ဆောင်ချင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ရှိတာကြောင့် အဲ့ပွဲကလည်း အရေးပါပါတယ်။ ဒီလိုကြီးမားတဲ့အသင်းနဲ့အတူရှိခွင့်ရတာ အရမ်းပျော်ပါတယ်။

ကျွန်တော်တို့ လာမယ့်ပွဲကိုအာရုံစိုက်ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ လုပ်ဆောင်ရပါမယ်။ လူတိုင်းက ပွဲကစားချိန်မိနစ်အများကြီးကစားရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ပြိုင်ပွဲအများကြီးရှိနေတာကြောင့်ပါ။ ကျွန်တော်တို့ နိုင်ပွဲဆက်အောင်လုပ်ဆောင်ရပါမယ်”လို့ ဟွိုက်လန်းက ပြောကြားခဲ့ပါတယ်။

အတ္တလန္တာကနေ ယူနိုက်တက်ထံပြောင်းပြီးကတည်းက ဟွိုက်လန်းတစ်ယောက် ရုန်းကန်ခဲ့ရတာဖြစ်ပြီး အခုတော့ နာပိုလီနည်းစနစ်နဲ့အံဝင်နေပါတယ်။ ကွန်တီရဲ့ကိုင်တွယ်မှုနဲ့အတူ နာပိုလီဟာ စီးရီးအေချန်ပီယံဆုအပြင် ဥရောပမှာပါ အောင်မြင်မှုရယူချင်နေပါတယ်။

နာပိုလီဟာ လာမယ့်ကြားရက်မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ကန်ရမှာဖြစ်ပြီး ဟွိုက်လန်းတစ်ယောက် ပွဲဦးထွက်ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ပွဲတွေအများကြီးရှိနေတာကြောင့် အသက် ၂၂ နှစ်သားအနေနဲ့ အခွင့်အရေးတွေရလာနိုင်တာဖြစ်ပါတယ်။