The network connection is lost.

Banner Image

သောမတ်စ်ဖရန့်ခ်ကိုခေါ်ယူနိုင်ဖို့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀ သန်းအထိပေးချေသွားမယ့် တော့တင်ဟမ်

တော့တင်ဟမ်ဟာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ နည်းပြအန်ဂျီပိုစတီကိုဂလူနေရာမှာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀ သန်းအထိ ပေးချေသွားမယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ 

The Telegraph သတင်းဌာနရဲ့အဆိုအရ ယခုတစ်ပတ်အတွင်းမှာပဲ တော့တင်ဟမ်နဲ့ဘရန့်ဖို့ဒ်တာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သို့သော်လည်း ဘရန့်ဖို့ဒ်ဘက်ကတော့ ပရီးမီးယားလိဂ်မှာ အသင်းကိုအကောင်းဆုံးဦးဆောင်ထားနိုင်တဲ့ သောမတ်စ်ဖရန့်ခ်နဲ့ လမ်းခွဲဖို့ဆန္ဒမရှိသေးဘူးလို့ဆိုပါတယ်။ 

တော့တင်ဟမ်ဟာ အသင်းအတွက် ယူရိုပါလိဂ်ဆုဖလားကိုဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာရပ်တည်စေခဲ့တဲ့ နည်းပြအန်ဂျီပိုစတီကိုဂလူကို ထုတ်ပယ်လိုက်ပြီးနောက်မှာ နည်းပြသစ်တွေကို ပစ်မှတ်ထားနေပြီး ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ 

မကြာသေးမီနှစ်တွေမှာ တော့တင်ဟမ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပေမယ့် ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို ၂၀၂၃ ခုနှစ်၊ မေလမှာကစားခဲ့ပြီး ဘရန့်ဖို့ဒ်က တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ၃-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းတွေက အပြောင်းအရွှေ့လုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်ဆောင်နေကြတာကြောင့် တော့တင်ဟမ်အနေနဲ့လည်း သောမတ်စ်ဖရန့်ခ်ကိုခေါ်ယူနိုင်ဖို့ အမြန်ဆုံးကြိုးစားလာဖွယ်ရှိပါတယ်။