The network connection is lost.

Banner Image

အေစီမီလန်ထံပြောင်းရွှေ့ဖို့ လေဗာကူဆင်ရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေတဲ့ ဇာခါ

သတင်းတွေအရ လေဗာကူဆင်ကွင်းလယ်လူ ဇာခါတစ်ယောက် အေစီမီလန်ထံပြောင်းရွှေ့ချင်နေပြီး လေဗာကူဆင်ဘက်က တုံ့ပြန်မှုကိုစောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဇာခါဘက်က ကနဦးအီတလီမြေကိုပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး လာမယ့် ၄၈ နာရီအတွင်းမှာ အဖြေတစ်ခုရချင်နေပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဆွစ်ဇာလန်သားဟာ မီလန်နဲ့ကနဦးဆွေးနွေးထားပြီးဖြစ်ကာ လေဗာကူဆင် နဲ့ မီလန်တို့ကြားအခြေအနေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ မီလန်ဘက်က ကွင်းလယ်ပိုင်းမှာ မိုဒရစ်အပြင် နောက်ထပ်အတွေ့အကြုံပြည့်ဝတဲ့ ဇာခါကိုပါ ထပ်မံခေါ်ယူချင်နေပါတယ်။ နှစ်တော်တော်များများ မီလန်ဟာ အသက် ၂၅ နှစ်အောက် လူငယ်ခြေတက်တွေကိုသာခေါ်ယူခဲ့တာဖြစ်ပြီး အခုနွေရာသီမှာတော့ ယခင်လမ်းစဉ်ကိုပြောင်းလဲခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ကိုခေါ်ယူနိုင်ခဲ့ပြီးနောက် အေစီမီလန်ဟာ ဇာခါကိုပါထပ်မံခေါ်ယူဖို့ တွန်းအားပေးနေပြီး အတွေ့အကြုံပြည့်ဝတဲ့ကစားသမား ၂ ဦးနဲ့ အဝတ်လဲခန်းကို ဦးဆောင်စေချင်နေပါတယ်။ လေဗာကူဆင်နဲ့ ၂၀၂၈ အထိ စာချုပ်သက်တမ်းရှိနေပေမယ့်လည်း အေစီမီလန်အားကစားဒါရိုက်တာ တာရီက အသက် ၃၂ နှစ်သား မီလန်အသင်းရဲ့ကွင်းလယ်တည်ဆောက်ရေးမှာ အဓိကလူအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အာဆင်နယ် နဲ့ လေဗာကူဆင်တို့မှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ ဇာခါကို မီလန်အသင်းက အလိုရှိနေပေမယ့် ပြောင်းရွှေ့ကြေးညှိနှိုင်းနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

မီလန်ဘက်က ပေါင် ၉ သန်းလောက်နဲ့ကမ်းလှမ်းဖွယ်ရှိနေပေမယ့် လေဗာကူဆင်ဘက်က ပေါင် ၂၁ သန်းလောက်အလိုရှိနေပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ လေဗာကူဆင်ဘက်က မီလန်နောက်ခံလူ မာလစ်ကိုစိတ်ဝင်စားနေတာကြောင့် ကစားသမားအလဲအထပ် + ငွေကြေးတစ်ရပ်နဲ့ကမ်းလှမ်းမယ်ဆိုရင် လက်ခံဖွယ်ရှိနေပါတယ်။ လေဗာကူဆင်ဟာ နောက်ခံလူ ဂျိုနသန်တက်ချ်ကို လက်လွှတ်ထားသလို ဖရင်းပေါင် နဲ့ ဝီရက်ဇ်တို့ကိုပါ ရောင်းချထားခဲ့ပြီး ငွေကြေးအခြေအနေက အင်အားတောင့်တင်းနေတာဖြစ်ပါတယ်။