The network connection is lost.

Banner Image

နည်းပြ ကိတ် အန်ဒရူးစ်ကို ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ ဘရန့်ဖို့ဒ်

ဘရန်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ ကိတ်အန်ဒရူးစ်ဟာ ကြာသပတေးနေ့မှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဒါဟာ သူ့ကို ၂၀၃၂ ခုနှစ်အထိ ပရီးမီးယားလိဂ်ကလပ်မှာ ဆက်ရှိနေစေမှာ ဖြစ်ပါတယ်။ အန်ဒရူးစ်ဟာ ဘရန်ဖို့ဒ်အသင်းကို စတင်တာဝန်ယူခဲ့တဲ့ ပထမဆုံးရာသီမှာတင် အားလုံးသဘောကျလောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် အခုလို စာချုပ်သက်တမ်း တိုးမြှင့်ပေးခြင်း ခံရတာပါ။ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ပြီးခဲ့တဲ့ရာသီပိတ်ရက်မှာ သောမတ်စ်ဖရန့်ရဲ့နေရာကို အစားထိုးဖို့ ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက သူ့မှာ နည်းပြအတွေ့အကြုံ လုံးဝမရှိသေးပါဘူး။ သောမတ်စ်ဖရန့်ကတော့ စပါးအသင်းမှာ ပထမဆုံးရာသီမှာတင် ရလဒ်တွေဆိုးရွားခဲ့လို့ ရာထူးက ထုတ်ပယ်ခံလိုက်ရပေမဲ့ အိုင်ယာလန် ကွင်းလယ်လူဟောင်း အန်ဒရူးကတော့ ဘရန်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ် အဆင့် ၇ နေရာအထိ ပို့ဆောင်ပေးထားနိုင်ပါတယ်။

ဘရန်ဖို့ဒ်အသင်းရဲ့ ဘောလုံးဒါရိုက်တာ ဖီးလ်ဂိုင်းစ်က "ကိတ်က တကယ်ကို ထူးထူးခြားခြား ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ပြနိုင်ခဲ့ပါတယ်။ အသင်းကလည်း ကောင်းကောင်းကစားနိုင်ပြီး ဒီရာသီမှာ ကျွန်တော်တို့ ပိုကောင်းလာမယ်လို့ ထင်ထားတဲ့ အချက်တွေအားလုံးကလည်း တကယ်ကို တိုးတက်လာခဲ့ပါတယ်။ သူဟာ ကလပ်အသင်းနဲ့ရော ကျွန်တော်တို့ရဲ့ လုပ်ကိုင်ပုံတွေနဲ့ပါ တကယ်ကို ကိုက်ညီမှုရှိတဲ့သူပါ။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေဆီက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ယူပေးနိုင်တဲ့ အရည်အချင်းလည်း ရှိပါတယ်။ ကိတ်က ကျွန်တော်တို့ဆီမှာ နောက်ထပ် နှစ်ပေါင်းများစွာ ရှိနေတော့မယ်ဆိုတာကို သိရတဲ့အတွက် ဘရန်ဖို့ဒ်က လူတိုင်းလည်း ဝမ်းသာကြမှာပါ။ လာမယ့်ရာသီတွေမှာ ကျွန်တော်တို့ အတူတကွ ဘယ်လိုအောင်မြင်မှုတွေ ထပ်ရဦးမလဲဆိုတာကိုလည်း ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဘရန်ဖို့ဒ်အသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်အထိ တက်လှမ်းထားနိုင်ပြီး ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို၊ လိဂ်ဖလားမှာလည်း ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။ ဒီရာသီမတိုင်ခင်မှာ အန်ဒရူးစ်ဟာ သောမတ်စ်ဖရန့်ရဲ့ လက်အောက်မှာ အသင်းရဲ့ တည်ကန်ဘော နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးသလို ရှက်ဖီးလ်ယူနိုက်တက်နဲ့ အမ်ကေဒွန်စ်အသင်းတွေမှာလည်း နည်းပြအတွေ့အကြုံများ ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။