The network connection is lost.

Banner Image

ဘရာဇီးကလပ်သို့ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ လင်ဂတ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ဂျက်စီလင်ဂတ်ဟာ ဘရာဇီးထိပ်သီးကလပ် ကော်ရင်သီယန်အသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၃ နှစ်အရွယ် လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တောင်ကိုရီးယားကလပ် အက်ဖ်စီဆိုးလ်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။ သူဟာ အက်ဖ်စီဆိုးလ်အသင်းအတွက် ၆၇ ပွဲ ကစားပေးခဲ့ပြီး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ မန်ယူကွင်းလယ်လူဟောင်းဟာ ဘရာဇီးလ်ထိပ်သီး ကော်ရင်သီယန်အသင်းနဲ့ ဆွေးနွေးမှုတွေ အဆင့်မြင့်လာတာကြောင့် နောက်ထပ် စွန့်စားမှုအသစ်တစ်ခုကို ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အဆိုပါ သတင်းမှာပဲ လင်ဂတ်ဟာ ကော်ရင်သီယန်အသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး လက်ရှိမှာ သဘောတူညီမှုရရှိဖို့ အဆင့်မြင့်အခြေအနေကို ရောက်ရှိနေပြီလို့လည်း ဖော်ပြထားပါတယ်။