The network connection is lost.

Banner Image

ကျွန်တော်အမြဲတမ်း အားကျခဲ့ရတဲ့ကစားသမားက ဇီဒန်းဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ကတ်စ်မဲရိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကတ်စ်မဲရိုးက သူငယ်စဉ်ဘဝကတည်းက ဇီဒန်းဟာ သူ့ရဲ့ စံပြသူရဲကောင်းတစ်ယောက် ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ပြင်သစ်လူမျိုး နည်းပြ ဇီဒန်းက ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့ချိန်မှာ ကတ်စ်မဲရိုးဟာ ၎င်းရဲ့ လက်အောက်မှာ ကစားခွင့်ရခဲ့ပြီး သူတို့နှစ်ဦးဟာ ဘောလုံးလောကရဲ့ အောင်မြင်မှုအရပ်ရပ်ကို အတူတကွ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူက DAZN နဲ့ အင်တာဗျူးမှာ "ကျွန်တော်တို့ ကလေးဘဝတုန်းကဆိုရင် တီဗွီထဲမှာမြင်ရတဲ့ ကစားသမားတွေ အကုန်လုံးက ကိုယ့်အတွက် အားကျစရာ စံပြပုဂ္ဂိုလ်တွေပါပဲ။ အဲဒီကစားသမားတွေ ကစားတာကို ကြည့်ရတာ ကျွန်တော် တကယ်ကို နှစ်သက်ခဲ့ပါတယ်" လို့ ပြောပါတယ်။

အဲဒီကစားသမားတွေထဲမှာမှ တစ်ယောက်ကတော့ တခြားသူတွေထက် ပိုပြီး ထူးခြားနေခဲ့ပါတယ်။ "ကျွန်တော့်အတွက်တော့ ဇီဒန်းက နံပါတ်တစ်ပါပဲ။ သူ့ကို ကျွန်တော် အမြဲတမ်း အများကြီး အားကျခဲ့တာပါ" လို့ ဆိုပါတယ်။

ကတ်စ်မဲရိုးက သူ့ရဲ့ ကစားသမားဘဝနဲ့ ပတ်သက်လို့လည်း "ကျွန်တော်ဟာ ပွဲစဉ်တွေမှာတင်မဟုတ်ဘဲ လေ့ကျင့်ရေးဆင်းချိန်တွေမှာလည်း အစွမ်းကုန် ကြိုးစားလေ့ရှိသလို ဂျင်မ်ကိုလည်း အမြဲတမ်း အစောဆုံးရောက်အောင် သွားတတ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

"ဘောလုံးလောကမှာတင်မဟုတ်ဘဲ လူ့ဘဝမှာလည်း နေ့တိုင်း တစ်ခုခုတော့ သင်ယူနေရတာပါပဲ။ ကျွန်တော့်ရဲ့ ကလေးတွေဆီက သင်ယူသလို၊ အသင်းဖော်တွေနဲ့ နည်းပြဆီကလည်း သင်ယူပါတယ်။ အရေးကြီးဆုံးကတော့ အသစ်အသစ်တွေကို လက်ခံသင်ယူဖို့ စိတ်ကို အမြဲတမ်း ဖွင့်ထားဖို့ပါပဲ" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။