The network connection is lost.

Banner Image

မေဂျာလိဂ်ကလပ်တွေနဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ဥရောပမှာပဲ ဆက်နေလိုတဲ့ ကတ်စ်မဲရိုး

ကတ်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက်မှာ ဥရောပမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပြီး အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မန်ယူအသင်းကနေ ထွက်ခွာတော့မယ်လို့ မကြာသေးခင်ကပဲ အတည်ပြုကြေညာထားသူ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ကတ်စ်မဲရိုးဟာ အမေရိကန် မေဂျာလိဂ် နဲ့ ဆော်ဒီကလပ်အသင်းတွေဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ ထိပ်တန်းအဆင့်မှာ ဆက်လက်ကစားနိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်နေပုံရပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါကွင်းလယ်ဖျက်ကစားသမားဟာ လာမယ့်နွေရာသီမှာ စီးရီးအေထိပ်တန်းကလပ် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်နေပြီး အဲဒီမှာ သူရဲ့အသင်းဖော်ဟောင်း လူကာမိုဒရစ်နဲ့ ပြန်လည်လက်တွဲခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

အီတလီဘောလုံးလောကရဲ့ ကစားဟန်က အင်္ဂလန်လောက် အားစိုက်ထုတ်စရာမလိုတာကြောင့် ကစားသမားဘဝ နောက်ဆုံးနှစ်တွေကို ဖြတ်သန်းဖို့အတွက် ကတ်စ်မဲရိုးအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း အဆိုပါသတင်းမှာ ထပ်လောင်းဖော်ပြထားပါတယ်။