The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပစ်မှတ် နမေချာအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ဒေါ့မွန်

ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဖိလစ်နမေချာအတွက် ဒေါ့မွန်အသင်းက သူတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးပမာဏကို သက်ဆိုင်ရာအသင်းတွေကို အသိပေးပြောကြားလိုက်ပြီလို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နမေချာဟာ ၂၀၂၃ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၆ ပွဲအထိ ပါဝင်ကစားပေးထားပြီး အသင်းရဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဂျာမန်သတင်းဌာနတစ်ခုဖြစ်တဲ့ BILD ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ လာမယ့်နွေရာသီမှာ နမေချာကို ခေါ်ယူချင်တဲ့ ဘယ်အသင်းမဆိုထံကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၁ သန်းအထိ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်းမှာ အင်အားဖြည့်တင်းမှုတွေ အကြီးအကျယ်လုပ်ဆောင်ဖို့ စီစဉ်နေတာကြောင့် နမေချာကို ခေါ်ယူဖို့ အပြင်းအထန် သတင်းထွက်နေတာပါ။

နမေချာဟာ မန်စီးတီးလူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး အင်္ဂလန် ယူ-၁၉ အသင်းကိုလည်း ကိုယ်စားပြု ကစားပေးခဲ့ဖူးတာကြောင့် အင်္ဂလန်ဘောလုံးလောကအကြောင်းကို ကောင်းကောင်း နားလည်ထားတဲ့သူလည်း ဖြစ်ပါတယ်။