The network connection is lost.

Banner Image

အငှားကြယ်ပွင့်ကစားသမား ဟင်ကာပီကို အပြီးသတ်ခေါ်ယူဖို့ အာဆင်နယ် ဆုံးဖြတ်

လာမယ့်နွေရာသီမှာ လေဗာကူဆင်အသင်းဆီကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ကြယ်ပွင့်ကစားသမား ဟင်ကာပီကို အပြီးသတ်စာချုပ်နဲ့ ဝယ်ယူသွားမလားဆိုတာနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ အခုရာသီမှာ အာတီတာရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲအထိ ပါဝင်ကစားပေးထားပြီး အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဂျာမန်ကလပ် လေဗာကူဆင်အသင်းဆီကနေ ဟင်ကာပီကို ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်ခွင့်ရှိတယ်လို့လည်း သိရပါတယ်။

TEAMtalk ရဲ့ ဖော်ပြချက်အရ လက်ရှိ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဟင်ကာပီရဲ့ အသင်းအပေါ် ကူညီပေးနိုင်မှုတွေအပေါ် အလွန်ကျေနပ်အားရနေပြီး အဆိုပါ ဝယ်ယူခွင့်အပိုဒ်ကို အသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။