The network connection is lost.

Banner Image

လမ်မန်းစ်ရဲ့နံပါတ် ၁ ဂိုးသမားနေရာကို ပြန်လုသွားဖို့ ဆုံးဖြတ်ထားတဲ့ အိုနာနာ

တူရကီကလပ် ထရက်ဘ်ဇွန်စပေါ်အသင်းမှာ အငှားသွားကစားနေတဲ့ အန်ဒရေအိုနာနာဟာ အငှားသက်တမ်းကုန်ဆုံးချိန်မှာ ယူနိက်တက်မှာ သူ့ရဲ့နေရာအတွက် ပြန်လည်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီက ဂိုးပေါက်မှာ အမှားအယွင်းတွေ ဆက်တိုက်ပြုလုပ်ခဲ့မိတာကြောင့် ယူနိက်တက်ကနေ အငှားနဲ့ စေလွှတ်ခံခဲ့ရတာပါ။

ယူနိက်တက်ကတော့ အဲဒီနောက်မှာ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန့်ကွဲပ်ကနေ ဆန်နီလမ်မန်းစ်ကို ခေါ်ယူခဲ့ပြီး သူကလည်း အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံး ထိန်းကျောင်းပေးထားနိုင်ပါတယ်။

အိုနာနာရဲ့ တူရကီကစားသမားဘဝဟာလည်း ပုံမှန်ခြေစွမ်းမရှိဘဲ ဖြစ်နေပြီး လိဂ်ပွဲစဉ် ၁၉ ပွဲမှာ ပေးဂိုး ၂၆ ဂိုးအထိ ရှိခဲ့သလို ဂိုးမပေးရတဲ့ပွဲ၄ ပွဲသာ ရရှိခဲ့တာပါ။

The Guardian ရဲ့ ဖော်ပြချက်အရ အိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့အတွက် အနာဂတ်ရှိနေသေးတယ်လို့ ယုံကြည်နေဆဲဖြစ်ပြီး နေရာပြန်ရဖို့အတွက် အစွမ်းကုန် ပြန်လည်ယှဉ်ပြိုင်သွားချင်နေတယ်လို့ သိရပါတယ်။