The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ ယူနိုက်တက်ဟာ အလှမ်းမဝေးတော့ဘူးလို့ လီရှာ့ပ် ပြောကြား

ယူနိုက်တက် ဂန္ထဝင်ကစားသမား လီရှာ့ပ်က နည်းပြ မိုက်ကယ်ကားရစ် လက်အောက်မှာ အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောကြားလိုက်ပါတယ်။

လောလောဆယ်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဇယားအဆင့် ၄ မှာ ရှိနေပြီး အဆင့် ၅ က ချယ်လ်ဆီးထက် ၃ မှတ် အသာရထားပါတယ်။ ယာယီနည်းပြ ကာရစ်လက်အောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက်လည်း အားကြိုးမာန်တက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကားရစ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားပြီး အာဆင်နယ်နဲ့ မန်စီးတီးလို အသင်းကြီးတွေကိုပါ အနိုင်ယူခဲ့တာပါ။ ဒါဟာ အရင်နည်းပြ ရူဘင်အမော်ရင် လက်ထက်မှာဆိုရင် ပရိသတ်တွေ လုံးဝ ထင်မထားမိတဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။

ယူနိုက်တက်က လက်ရှိမှာ ခြေစွမ်းပြနေသလို ကားရစ်လက်အောက်မှာ ပရိသတ်တွေရဲ့ စိတ်ဓာတ်တွေလည်း ပြန်လည် တက်ကြွလာနေပါတယ်။ သူကလည်း တကယ်တော်တဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း လက်ရှိအချိန်အထိ သက်သေပြနေတာပါ။ BetBrain နဲ့ ပူးပေါင်းထားတဲ့ GOAL သတင်းဌာနနဲ့ အင်တာဗျူးမှာ လီရှာ့ပ်က ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အမြင်အရတော့ သူတို့ဟာ ချန်ပီယံဆုနဲ့ အများကြီး ဝေးကွာမနေတော့ပါဘူး။ ကာရစ် ရောက်လာပြီးကတည်းက ဒါကို သူတို့ သက်သေပြနိုင်ခဲ့ပါတယ်။ အသင်းကြီးတချို့ကိုလည်း အနိုင်ယူပြခဲ့တယ်လေ။ သူတို့ အလုပ်တစ်ခုကို ကောင်းကောင်း လုပ်နေကြတာပါ။ အဆင့် ၃ နေရာနဲ့လည်း ၂ မှတ်လောက်ပဲ ကွာတော့သလို ထိပ်ဆုံး နှစ်သင်းနဲ့လည်း အများကြီး ကွာဟမနေပါဘူး။ ဒီရာသီမှာ မလိုအပ်ဘဲ အမှတ်တွေ လျော့ခဲ့တာတွေကို ပြန်ကြည့်ရင် သူတို့ဟာ အခုထက်တောင် ပိုပြီး အမှတ်နီးနေနိုင်ပါတယ်။ နွေရာသီမှာ အရည်အသွေးမြင့် ကစားသမား သုံးလေးယောက်လောက် ထပ်ဖြည့်ပြီး အသင်းမှာ ပုံမှန်ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုသာ ရှိမယ်ဆိုရင် သူတို့ဟာ ချန်ပီယံဆုနဲ့ လုံးဝကို မဝေးတော့ဘူးလို့ ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အင်္ဂလန်ချန်ပီယံ ၂၀ ကြိမ်ရ ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း ဆက်ရှိနေဖို့အတွက် ဒီတစ်ပတ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရာသီကုန်ဖို့ ၁၀ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ ကာရစ်အနေနဲ့ ဥရောပဝင်ခွင့်ရဖို့နဲ့ လာမယ့်ရာသီမှာ အမြဲတမ်းနည်းပြ ဖြစ်လာစေဖို့အတွက် ဆက်တိုက် အနိုင်ရရှိအောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။