The network connection is lost.

Banner Image

ဘရိုက်တန်ကို ရှုံးခဲ့တဲ့ပွဲစဉ်မှာ ကက်စ်မဲရိုးက အသက် ၄၅ နှစ်အရွယ် ကစားသမားလိုပဲလို့ ဝေဖန်ခဲ့တဲ့ အဘွန်လဟော

ဘရိုက်တန်ကို ၃-၁ ဖြင့်ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ယူနိုက်တက်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး၏ ကစားပုံသည် အသက် ၄၅ နှစ်အရွယ် ကစားသမားတစ်ဦးကဲ့သို့ ဖြစ်နေကြောင်း အဘွန်လဟောက ဝေဖန်ပြောကြားခဲ့ပါတယ်။

တန်ဟက်၏အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၅ တွင် ဝဲလ်ဘက်၊ ဂရော့စ် နှင့် ဂျာအိုပက်ဒရို တို့၏ သွင်းဂိုးများဖြင့် အိုးထရက်ဖို့ဒ်တွင် ဘရိုက်တန် အသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီး ၎င်းတို့၏ တတိယမြောက်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ အဘွန်လဟောသည် ယူနိုက်တက်ကွင်းလယ်တွင် ကစားနေသော ကက်စ်မဲရိုး၏ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့တဲ့အပြင် ဘရိုက်တန်၏ဒုတိယဂိုးအတွက် ဂရော့စ်၏ အလိမ်အခေါက်များဖြင့် အရူးလုပ်ခံခဲ့ရသော မာတီနက်ဇ်ကိုလည်း ဝေဖန်ခဲ့တဲ့ အပြင် မက်ဂွာရီအား ပွဲထွက်ခွင့်ပေးရန်တောင်းဆိုခဲ့ပါတယ်။

"ဘရိုက်တန်က အိုးလ်ထရက်ဖို့ဒ်မှာ ၆၅၉ ကြိမ် အပေးအယူလုပ်ခဲ့တယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ များခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှုက ၅၇ ရာခိုင်နှုန်း ဒါဟာ ဘရိုက်တန်အတွက် ပန်းခြံထဲမှာ လမ်းလျှောက်သလိုပါပဲ။ ကျွန်တော် ဒီပွဲကို ကြည့်နေတယ်၊ ဘရိုက်တန်က သူတို့ ကျော်ဖြတ်ပြီး အခွင့်အလမ်းတွေ ဖန်တီးဖို့ အရမ်းလွယ်ကူတာကို တွေ့ရတယ်။ အထူးသဖြင့် ဒုတိယပိုင်းအစမှာ လေ့ကျင့်ရေးကွင်းနဲ့တူတယ်။ ကက်စ်မဲရိုးကို ကြည့်ရတာ သူ ၄၅ နှစ်အရွယ် ကစားသမားတစ်ယောက် အဲဒီကွင်းလယ်ကို ပြေးနေသလိုပဲ။ ၆၅ မိနစ်မှာ ဟန်နီဗယ်လ်နဲ့ သူ့ကိုလူစားလဲခဲ့တာကတော့ အရမ်းဆိုးနေလို့ပါ။ ဒီနေ့ ငါ့ကိုဘာတွေ နာကျင်စေလဲ သိလား။ မာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ရဲ့ တူညီတဲ့ ခြေစွမ်းတွေပဲ။ မာတီနက်ဇ်က ဂရော့စ်ကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ ခြေယောင်ပြခံလိုက်ရပြီး ဂိုးပါပေးလိုက်ရပါတယ်။ မက်ဂွာရီက အခု ဒီအ၀တ်လဲခန်းကို လှည့်ပတ်ကြည့်နေရမယ်၊ 'ဒီလိုအသင်းမှာ ငါ ဘယ်လိုအခွင့်အရေး မရလို့လဲ' လို့ တွေးနေရမယ်။ မာတီနက်ဇ်က နောက်တန်းကနေ ဘောလုံးတောင် မကစားနိုင်ဘဲ လင်ဒီလော့ဖ်လည်း တူတူပါပဲ။ မက်ဂွာရီက အဲဒီအသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်ပါတယ်"လို့  အဘွန်လဟောက ဝေဖန်ပြောကြားခဲ့ပါတယ်။