The network connection is lost.

Banner Image

ဒီယာလို နဲ့ ဒီလစ်ဂျ်ဒဏ်ရာအခြေအနေကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာမိုရင်

ဘီလ်ဘာအိုနဲ့ပွဲမတိုင်ခင် ယူနိုက်တက်နည်းပြ အာမိုရင် ဒီယာလို နဲ့ ဒီလစ်ဂျ်တို့ ဒဏ်ရာအခြေအနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဆိုပါကစားသမား ၂ ဦးစလုံးကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အာမက်ကတော့ ဖေဖော်ဝါရီတုန်းက ပြင်းထန်တဲ့ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲအထိ လွဲချော်ခဲ့ပါတယ်။ နောက်ခံလူ ဒီလစ်ဂျ်ကလည်း နော်တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ၆ ပွဲလောက်လွဲချော်ခဲ့ပါတယ်။အာမိုရင်က ယူရိုပါလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ အာမက် နဲ့ ဒီလစ်ဂျ်တို့ ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ပွဲထွက်ဖို့လား။ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် သူတို့လူစာရင်းထဲတော့ ပါဝင်လာနိုင်ပါတယ်။ ကျန်ကစားသမားတွေက အဆင်ပြေပါတယ်။ ကျွန်တော်တို့ မနက်ဖြန်မှာ ပွဲရှိသလို သောကြာနေ့ကတည်းက ဒီမှာလေ့ကျင့်နေတာပါ။ လာမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲအတွက်လည်း ပြင်ဆင်ရပါမယ်။ နောက်ပွဲအတွက် လူငယ်ကစားသမားလေးတွေကို ခေါ်ယူထားပါတယ်။ဘီလ်ဘာအိုက သန်မာတဲ့အသင်းဖြစ်သလို ဘောလုံးလုယူရာမှာလည်း စိတ်အားထက်သန်မှုအပြည့်ရှိတဲ့အသင်းပါ။ သူတို့က တစ်ဦးချင်းရင်ဆိုင်ရာမှာလည်း ကောင်းပါတယ်။ 

နီကိုဝီလီယံက တကယ့်ထူးရှယ်ကစားသမားပါ။ ပြီးတော့ စပိန်မြေမှာလည်း သူတို့က ခံစစ်အကောင်းဆုံးအသင်းပါ။ ကျွန်တော်တို့ ဂိုးအများကြီးမသွင်းနိုင်ပါဘူး။ အဲ့တာကြောင့် အခုပွဲက ကျွန်တော်တို့အတွက် ခက်ခဲနိုင်ပါတယ်။ သူတို့က ပရိသတ်အားကိုယူပြီး ပွဲကိုမတူညီတဲ့အဆင့်တစ်ခုကို သယ်ဆောင်သွားနိုင်ပါတယ်။ ကျွန်တော်တို့ အရမ်းအရမ်းကိုမှသန်မာတဲ့အသင်းနဲ့တွေ့ဆုံရမှာပါ”လို့ အာမိုရင်က ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဟွိုက်လန်းရှိနေပေမယ့် တိုက်စစ်က ရုန်းကန်နေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဘုန်းမောက်ကို ၁-၁ သာကန်နိုင်ခဲ့ပါတယ်။ အာမိုရင်ကတော့ ဒိန်းမတ်သားရဲ့စွမ်းဆောင်ရည်ကို ကာကွယ်ပြောကြားခဲ့ပါတယ်။ “သူတကယ်အလုပ်ကြိုးစားနေပါတယ်။ အချို့ဂိုးတွေကို ကျွန်တော်တို့သွင်းယူနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒီပြိုင်ပွဲမှာပါ။ သူ့ရဲ့ရွှေ့လျားမှုက တကယ်အရေးပါပါတယ်။

သူအခု ကောင်းမွန်တဲ့အခိုက်အတန့် ၊ ကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာအနေအထားမှာရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ပစ်မှတ်က ကစားသမားတွေကို ကူညီဖို့ပါ။ ဟွိုက်လန်းက နောက်ဆုံးပွဲမှာ ဂိုးသွင်းထားနိုင်ပါတယ်။ ကျွန်တော်တို့ ရက်စ်မက်စ်ရဥဲ့အရည်အချင်းကို မြင်နိုင်ပါတယ်။ ဇီကာဇီးမှာကော အိုဘီမှာပါ အရည်အချင်းရှိပါတယ်။ ကျွန်တော်တို့မှာ တိုးတက်လာနေတဲ့ကစားသမားတွေရှိပါတယ်။ ဒါပေမယ့်တစ်ဦးချင်းတိုးတက်မှုကနေ အသင်းလိုက်တိုးတက်အောင် လုပ်ဆောင်ရပါမယ်။

ကျွန်တော်တို့ တည်ငြိမ်မှု နဲ့အတူ တိုက်စစ်မှူးတွေဂိုးသွင်းနိုင်အောင်ကူညီပေးရပါမယ်။ ဂိုးတွေမရတာကြောင့် အမှတ်တွေဆုံးရှုံးတာများနေပါပြီ”လို့ အာမိုရင် ထပ်လောင်းပြောကြားခဲ့ပါတယ်။