The network connection is lost.

Banner Image

လီဗာပူးမှ လူးဝစ်ဒီးယက်ဇ်ကိုခေါ်ယူရန် အဓိက ကစားသမားတွေကို ရောင်းချရန် လိုအပ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီတွင် ကစားသမားများစွာနှင့် ချိတ်ဆက်နေဆဲဖြစ်ပြီး ဒီးယက်ဇ်နှင့် နာမည်ထွက်နေတာ ဖြစ်ပါတယ်။ ကိုလံဘီယာလက်ရွေးစင် ကစားသမားဟာ ကလပ်၏ ထိပ်တန်းဦးစားပေးဖြစ်ပုံရသော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် ယခုနွေရာသီတွင် ခေါ်ယူရန် အလွန်ခက်ခဲစေမှာ ဖြစ်ပါတယ်။ Mundo Deportivo သတင်းစာတွင် အဆိုပါအခြေအနေနှင့် ပတ်သက်၍ နောက်ဆုံးရသတင်း ဖော်ပြထားပြီး ကတ္တလန်ကလပ်ဟာ ယခုနွေရာသီတွင် အဓိက ကစားသမား တစ်ဦးကို ရောင်းချနိုင်ပါက ဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြထားပါတဘ်။

မည်သည့်ကစားသမား ဖြစ်နိုင်ကြောင်း အကြံပြုထားခြင်း မရှိသေးသော်လည်း ရိုနယ်လ် အာရူဂျို နှင့် မက်အန်ဒရီတာ စတီဂန် တို့က ဖြစ်နိုင်ခြေရှိသော ကစားသမားနှစ်ဦး ဖြစ်တယ်လို့ ထင်နိုင်ပါတယ်။ MD က ဘာစီလိုနာဟာ ၁:၁ စည်းမျဉ်းသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ပြီး ယခုနွေရာသီတွင် အပြောင်းအရွှေ့ လှုပ်ရှားမှုများစွာဖြင့် ဂျိုအန် ဂါစီယာ ကို မှတ်ပုံတင်နိုင်မယ်လို့ ထင်ရပါတယ်။ ကလပ်ဟာ အဲလက်စ် ဗယ်လီ နှင့် ကလဲမန် လန်းလက် တို့ကို ရောင်းချပြီးဖြစ်ပြီး တိုဒီဘိုရဲ့ ဝက်စ်ဟမ်း သို့ ပြောင်းရွှေ့မှုမှ ငွေကြေးရရှိခဲ့ပြီး အန်ဆု ဖာတီ၊ ပါဘလို တိုရီ နှင့် အီနာကီ ပီနာ တို့ကိုလည်း ရောင်းချနိုင်ပါတယ်။

ဘာစီလိုနာ ကစားသမားဟောင်းများဖြစ်ကြတဲ့ ဖရန်စစ္စကို ထရင်ကာအို၊ အော်စကာ မင်ဂီဇာ နှင့် မီကာ မာမိုလ် တို့ရဲ့ အပြောင်းအရွှေ့များမှလည်း ရန်ပုံငွေများ ထပ်မံရရှိနိုင်ဖွယ်ရှိနေကာ ၎င်းတို့သုံးဦးလုံးအတွက် ပြန်လည်ရောင်းချမှုရဲ့ ငွေကြေးတစိတ်တဒေသ ခံရစားရအုံးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီးယက်ဇ်ကို ခေါ်ယူရန်အတွက် အလုပ်များစွာ လုပ်ဆောင်ရဦးမည်ဖြစ်ရာ လီဗာပူး ကြယ်ပွင့်က ယခုနွေရာသီတွင် ဘာစီလိုနာသို့ ပြောင်းရွှေ့လာဖို့ မြင်ရရန် ခက်ခဲစေအုံးမှာပါ။