The network connection is lost.

Banner Image

အသင်းဥက္ကဌအား အိပ်မက်ဆိုး ဖြစ်အောင်လုပ်ဖို့ ရောကရက်စ်အား ပြောကြားလိုက်တဲ့ ဖာဒီနန်

အသက် ၂၇ နှစ်အရွယ် ရောကရက်စ် ဟာ စပို့တင်း နှင့်အတူ နှစ်ရာသီ ခြေစွမ်းပြပြီးနောက် ပြိုင်ပွဲစုံ ၁၀၂ ပွဲတွင် ၉၇ ဂိုး သွင်းယူခဲ့ရာ ဥရောပဘောလုံးလောကတွင် အလိုအရှိဆုံး တိုက်စစ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီ ချန်ပီယံတွေဟာ ပရီးမီးယားလိဂ်မှ ပြင်းထန်တဲ့ စိတ်ဝင်စားမှုများကြားတွင် အသင်းရဲ့ကစားသမားကို ဆုံးရှုံးရတော့မယ်လို့ ပိုမိုလက်ခံလာခဲ့ပြီး အာဆင်နယ်ဟာ လက်ရှိတွင် တိုက်စစ်မှူးအတွက် ပြိုင်ဆိုင်မှုတွင် ယူနိုက်တက် ကို ဦးဆောင်နေပါတယ်။

သို့သော် ရောကရက်စ် ရဲ့ အင်္ဂလန်ဘောလုံးလောကသို့ လမ်းကြောင်းကို စပို့တင်းဥက္ကဋ္ဌ ဖရက်ဒီရီကို ဗာရန်ဒါစ် က ပိတ်ဆို့ထားပြီး ဆွီဒင်ကစားသမားဘက်မှ အဆိုပါပြောကြားချက်များကို ကန့်ကွက်ထားပါတယ်။ ရောကရက်စ်က ပေါင် ၅၉ သန်းနဲ့ ထွက်ခွာနိုင်မယ်လို့ ထင်မှတ်ထားခဲ့ပေမဲ့ ဗာရန်ဒါစ်က တိုက်စစ်မှူးနဲ့ သဘောတူထားတယ်ဆိုတဲ့ Gentleman’s Agreement ရှိခြင်းကို ငြင်းဆန်နေပါတယ်။

"ကျွန်တော် တစ်ခုပြောမယ် ကျွန်တော် ဗာရန်ဒါစ်ရဲ့ ရုံးခန်းထဲမှာ ရှိနေရင် သူ ကျွန်တော့်ကို ထားသွားနိုင်မှာ မဟုတ်ဘူး" လို့ ယူနိုက်တက် နှင့် အင်္ဂလန် နောက်ခံလူဟောင်း ဖာဒီနန်က နောက်ဆုံးထွက် ကောလာဟလများအကြောင်း မေးမြန်းသောအခါ talkSPORT ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော် သူ့အိပ်ရာထဲမှာ၊ သူ့ဧည့်ခန်းထဲမှာ၊ သူ့မီးဖိုချောင်ထဲမှာ ရှိနေမယ်၊ သူ ကျွန်တော့်ကို မမြင်ရဘဲ မနေနိုင်ပါဘူး" "ကျွန်တော်တို့ သဘောတူညီမှု ရခဲ့တယ်ဆိုရင် ထွက်ဖို့အတွက် သူ့ကို အိပ်မက်ဆိုး ဖြစ်အောင် လုပ်မှာပဲ" "ကျွန်တော် လိဒ်စ် မှာတုန်းက အဲဒီလို လုပ်ခဲ့ပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ ကြားသိရပြီး ကျွန်တော့်ကို ထွက်ခွာခွင့် ပေးရမယ်ဆိုတာ သိခဲ့တယ်"

"ကျွန်တော် ပီတာ ရစ်စ်ဒေးလ် ဆီသွားပြီး ‘နားထောင်ပါဦး၊ ခင်ဗျား ကျွန်တော့်ကို ရောင်းရမယ်ဆိုတာ ကျွန်တော် သိတယ် ဒီမှာ သန်းအနည်းငယ်လောက်ကို အငြင်းမပွားဘဲ သဘောတူညီမှု ရအောင် လုပ်ကြရအောင်’ လို့ ပြောခဲ့တယ်။ကျွန်တော် အဲဒီမှာ နာရီပေါင်းများစွာ စောင့်နေခဲ့ပြီး နောက်ဆုံးတော့ လုပ်နိုင်ခဲ့တယ်" လို့ သူက ပြောကြားခဲ့ပါတယ်။

ဖာဒီနန်က ပေါ်တူဂီ ဘောလုံးလောကတွင် ရောကရက်စ် ရဲ့ ထူးခြားတဲ့ ကိန်းဂဏန်းများကို သဘောကျခဲ့သော်လည်း ဆွီဒင်နိုင်ငံတကာ ကစားသမားအနေဖြင့် အကောင်းဆုံး ကစားသမားများနှင့် ရောနှောကစားနိုင်ခြင်း ရှိ မရှိကိုမူ အကဲဖြတ်ဆဲ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဖာဒီနန်ရဲ့ ပြောကြားချက်အရ ယူနိုက်တက်ဟာ အတွေ့အကြုံရှိတဲ့ နံပါတ် ၉ ဂိုးသမားကို ရှာဖွေသင့်တယ်ပါတယ်။

"သူက မှန်ကန်တဲ့လူလား။ နားထောင်ပါဦး၊ သူ့မှာ တကယ်ကောင်းတဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်တော် လုံးဝ စိတ်ချဖို့ သူ့ကို အလုံအလောက် မမြင်ဖူးသေးဘူး" လို့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးဖူးသူက ထပ်ပြောပါတယ်။ "ကျွန်တော် သူ့ကို ကစားတာ မြင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာတော့ သူ့ကို ကြံ့ခိုင်မှုပိုင်းအရ အဆင့်မီတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုပြီး မြင်ချင်ပါသေးတယ်"

"ဒါပေမဲ့ သူ ဂိုးသွင်းတတ်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ သူက ပေါ်တူဂီမှာ ကစားနေတာ၊ အဲဒီမှာ သူက ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဂိုးတွေ အများကြီး သွင်းပြီး ဖန်တီးပေးနေတာပါ" "ကျွန်တော် ထင်တာကတော့ ယူနိုက်တက်အတွက် ဒီအချိန်မှာ တခြားအရာတွေထက် အတွေ့အကြုံကို ပိုပြီး ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

သောကြာနေ့တွင် သူ့ရဲ့ အနာဂတ်နှင့် ပတ်သက်၍ ဆက်တိုက် ထွက်ပေါ်နေသော ကောလာဟလများကြားမှ အင်စတာဂရမ် တွင် "အချိန်တန်ရင် ပြောပြပါမယ်" လို့ ပရိသတ်များကို တိုက်စစ်မှူးက အာမခံခဲ့ပါတယ်။ "အခုချိန်မှာ စကားတွေ အများကြီး ပြောနေကြတယ်၊ အများစုက မဟုတ်ပါဘူး" "အချိန်တန်ရင် ပြောပြပါမယ်" လို့ သူက ပြောပါတယ်။

လက်ရှိ လစ္စဘွန်နှင့်စာချုပ်က ၂၀၂၈ ခုနှစ် ဇွန်လအထိ သက်တမ်းရှိနေပါတယ်။ "သူ ဒီမှာ အရမ်း ပျော်နေပါတယ်" လို့ စပို့တင်းမန်နေဂျာ ရူအီ ဘောဂျက်စ်က ပရီမီယာလီဂါဖလားကို အောင်မြင်စွာ ကာကွယ်ပြီးနောက် ရောကရက်စ်ရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းကို မေးမြန်းသောအခါ ပြောကြားခဲ့ပါတယ်။

"သူက ပွဲနဲ့ အရမ်း ချိတ်ဆက်နေတယ် ဂိုးသွင်းချင်တယ်၊ ဂိုးသွင်းဖို့ကို စွဲလမ်းနေတယ်" "ကိန်းဂဏန်းတွေ ပြသသလို သူက ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါ" "သူက ဆွဲဆောင်မှုရှိမှာပါ၊ ဒါပေမဲ့ သူ စပို့တင်းကနေ မထွက်ခွာရင် ကလပ်အတွက် အများကြီး ဆက်ပြီး ကတိကဝတ် ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ ဒီမှာ အရမ်း ပျော်နေပါတယ်" လို့ နည်းပြက ပြောကြားခဲ့ပါတယ်။