The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ရဲ့ချိတ်ဆက်မှုတွေအကြား နည်းပြဟောင်း ဖရန့်ခ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာတဲ့ အမ်ဘွေမို

ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုဟာ မန်ချက်စတာယူနိုက်တက်ထံနဲ့ တော့တင်ဟမ်တို့ထံမှ ကမ်းလှမ်းမှုတွေရရှိထားပြီး ယခုအခါမှာ တော့တင်ဟမ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းနည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

အမ်ဘွေမိုဟာ ပြီးခဲ့တဲ့ရာသီက သောမတ်စ်ဖရန့်ခ်ရဲ့သင်ကြားမှုနဲ့အတူ ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ အထိသွင်းယူပြီး လိဂ်ရဲ့စတုတ္ထဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အမ်ဘွေမိုရဲ့ တိုက်စစ်ပိုင်းအဆုံးသတ်စွမ်းရည်ကို ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့က သဘောကျနေပြီး နွေရာသီမှာခေါ်ယူနိုင်ဖို့ ချိတ်ဆက်လာခဲ့ကြတာဖြစ်ပါတယ်။ 

ယူနိုက်တက်ရဲ့ ပထမဆုံးကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ်ဘက်မှပယ်ချခဲ့ပြီးနောက် ယခုအခါမှာ တော့တင်ဟမ်ဟာ ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းမှုပြုလုပ်ထးတယ်လို့သိရပါတယ်။ Sky Sports နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အမ်ဘွေမိုက "ဖရန့်ခ်က ကျွန်တော့်ကိုအများကြီးအကူအညီပေးခဲ့ပါတယ်။ကျွန်တော်ဘရန့်ဖို့ဒ်ကိုစရောက်ကတည်းက သူ့ရဲ့ယုံကြည်မှုကိုရခဲ့ပြီး ကျွန်တော့်ကို ကစားသမားကောင်းတစ်ယောက်အဖြစ် ပျိုးထောင်ခဲ့ပါတယ်။ အခုချိန်မှာတော့သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ပဲဆုတောင်းပေးနိုင်ပါတယ်"

"သူကအရာရာကိုသိနေတဲ့လူမျိုးပါ။ အရမ်းတော်ပြီး အသင်းအတွက်ဘာလုပ်ပေးနိုင်မလဲ ကောင်းကောင်းသိပါတယ်။ သူက ဘရန့်ဖို့ဒ်အတွက် အရမ်းကောင်းတဲ့နည်းပြဖြစ်ခဲ့ပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဖွား၊ ကင်မရွန်းလက်ရွေးစင်ကို ခေါ်ယူနိုင်ဖို့အတွက် တော့တင်ဟမ်နဲ့ ယူနိုက်တက်တို့ အပြိင်အဆိုင်ကြိုးပမ်းနေကြပေမယ့် ကစားသမားအနေနဲ့ ဘယ်အသင်းကိုရွေးချယ်သွားမလဲဆိုတာကြောင့် လက်ကျန်အပြောင်းအရွှေ့ကာလအတွင်း ဆက်လက်စောင့်ကြည့်သွားရပါမယ်။