The network connection is lost.

Banner Image

ဆီမြွန်နီကို ဆဲဆိုမိခဲ့တယ်လို့ ဝန်ခံပြောကြားလာတဲ့ အယ်လ်ဗာရက်ဇ်

အက်သလက်တီကိုတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ဟာ ဗယ်လီကာနိုကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ နည်းဒီယေဂိုဆီမြွန်နီကို ဆဲဆိုမိခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယခုအခါမှာတော့ သူတို့ ၂ ယောက်အကြားဆက်ဆံရေးဟာ ပြန်လည်ကောင်းမွန်နေပြီလို့အသိပေးပြောကြားလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်အပြီးမှာ အယ်လ်ဗာရက်ဇ်ဟာ ဆီမြွန်နီကို တစ်စုံတစ်ခုပြောခဲ့ပုံပေါ်ပြီး မီဒီယာတွေက ကစားသမားနဲ့ နည်းပြတို့အကြားဆက်ဆံရေးကို ပျက်စီးနေပြီလို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း အယ်လ်ဗာရက်ဇ်ကတော့ ကောလာဟလတွေကို ဖြေရှင်းပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ 

ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအတွက် ဟက်ထရစ်သွင်းယူပြီး အသင်းအတွက်နိုင်ပွဲကို အဓိကဖော်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ ပွဲအပြီးမှာတော့ ဆီမြွန်နီနဲ့ပြဿနာတက်ခဲ့တာကြောင့် မီဒီယာတွေအကြား ကောလာဟလတွေထွက်ပေါ်စေခဲ့ပါတယ်။ 

သို့သော်လည်း ပွဲအပြီးအင်တာဗျူးမှာ အယ်လ်ဗာရက်ဇ်က "မီဒီယာတွေ ကျွန်တော်ဘာပြောတယ်ဆိုတာကို တိတိကျကျ မဖော်ပြနိုင်ကြပါဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်တော်သူ့ကို ဆဲခဲ့တာတော့မှန်ပါတယ်။ သူကလည်း ကျွန်တော့်ကို ဒေါသထွက်သွားပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာမှာ ဒီကိစ္စကို ပုံကြီးချဲ့လွန်းပါတယ်။ ကျွန်တော်တို့နှစ်ယောက် အဆင်ပြေပါတယ်။ အမှတ်တွေမဆုံးရှုံးရဖို့ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က မာယော့ကာကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အယ်လ်ဗာရက်ဇ်ဟာ ပွဲကစားချိန် ၆၃ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး မီဒီယာတွေမှာ ကစားသမားဟာ လူစားလဲခံရတဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ယခုအခါမှာလည်း ကစားသမားဟာ ဆီမြွန်နီနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားကအခြေအနေဟာ ကောလာဟလတေထွက်ပေါ်လာစေခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း အခုလို အယ်လ်ဗာရက်ဇ်ရဲ့ရှင်းလင်းပြောဆိုမှုကြောင့် သူတို့ ၂ ဦးအကြား တစ်စုံတစ်ရာပြဿနာမရှိကြောင်း သိရှိခဲ့ရပြီဖြစ်ပါတယ်။ ဗယ်လီကာနိုကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့သွင်းဂိုး ၃ ဂိုးအနက်ဘယ်ဂိုးကိုအကြိုက်ဆုံးလဲလို့ မေးမြန်းခဲ့ရာ အာဂျင်တီးနားသားက "ကျွန်တော် တတိယဂိုးကို အကြိုက်ဆုံးပါတယ်။ ဘယ်ခြေနဲ့ကန်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် တတိယဂိုးကိုရွေးချင်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။

ဆီမြွန်နီအနေနဲ့လည်း အယ်လ်ဗာရက်ဇ်ဟာ အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးထားပြီး လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ကစားသမားကို အားကိုးနေမယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် မက်ဒရစ်ဒါဘီပွဲစဉ်မှာ အယ်လ်ဗာရက်ဇ်အနေနဲ့ အက်သလက်တီကိုအတွက် သွင်းဂိုးတွေနဲ့ ထပ်မံကူညီပေးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။