The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ဂါဗီတစ်ယောက် ခွဲစိတ်ကုသမှု ခံယူရနိုင်ကြောင်း ဖွန်တေအတည်ပြု

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂါဗီဟာ ဒူးခေါင်းဒဏ်ရာပြဿနာကြောင့် ခွဲစိတ်ကုသမှုခံယူရနိုင်တယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။ ဖွန်တေဟာ ဗုဒ္ဓဟူးနေ့မှာ ဂါဗီနဲ့စကားပြောရင်း ဒဏ်ရာအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟာ ဒဏ်ရာပြဿနာကြောင့် ဗယ်လီကာနိုနဲ့ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်ကို လွဲချော်ခဲ့သလို၊ စက်တင်ဘာလ စပိန်လက်ရွေးစင်အသင်းရဲ့လူစာရင်းကနေလည်း ထုတ်ပယ်ခံထားရတာဖြစ်ပါတယ်။ 

ယခုအခါမှာ ဖွန်တေက "ကျွန်တော် ဒီမနက်က ဂါဗီနဲ့စကားပြောခဲ့ပါတယ်။ ဒဏ်ရာပြဿနာကြောင့် သူအတော်လေးဝမ်းနည်းနေပြီး ခွဲစိတ်ကုသမှုခံယူရနိုင်တယ်လို့ပြောပါတယ်။ လောလောဆယ်မှာတော့ ခွဲစိတ်မှုပြုလုပ်ဖို့ စောင့်နေတယ်လို့ပြောပါတယ်။ သူက အရမ်းသန်မာတဲ့ကောင်လေးပါ။ ကျွန်တော်သူ့ကို အကောင်းဆုံးပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြုံတွေ့ရတဲ့ကစားသမားတွေက ပိုပြီးတော့ ကောင်းလာတတ်လို့ပါ" လို့ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီကတော့ ဂါဗီဟာ ရက်သတ္တပတ်အချို့အနားယူရပြီး ခွဲစိတ်ကုသမှုခံယူရဖို့မရှိဘူးလို့ ထင်ကြေးပေးမှုတွေရှိခဲ့ပေမယ့် ယခုအခါမှာ ဖွန်တေရဲ့ပြောကြားချက်အရ ခွဲစိတ်သွားရဖို့လည်း အလားအလာရှိနေတာဖြစ်ပါတယ်။ သတင်းတွေအရ ဂါဗီအနေနဲ့ ခွဲစိတ်ကုသမှု ခံယူရပါက ဘာစီလိုနာရဲ့ပွဲစဉ်တွေကို ၁ လဝန်းကျင်လောက်အထိ လွဲချော်သွားနိုင်တယ်လို့သိရပါတယ်။